ရွှေဖီမြေ၊ ဩဂုတ် ၆ ရက်

ရှမ်းမြောက်ရှိ မြို့နယ် ၉ ခုအပြင် မန္တလေးတိုင်း မိုးကုတ်မြို့မှာ မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေကြီးရေလျှံမှုဖြစ်တဲ့ ‌မြို့နယ်တွေဟာ မူဆယ်၊ နမ့်ခမ်း၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ မန်တုံ၊ လောက်ကိုင်နဲ့ မိုင်းယော် စတဲ့မြို့နယ်တွေပဲ ဖြစ်ပါတယ်။

ရွှေလီမြစ်ကမ်းဟာ မူဆယ်၊ နမ့်ခမ်းနဲ့ မိုးမိတ်မြို့နယ်ကို ဖြတ်သန်းစီးဆင်းတဲ့မြစ် ဖြစ်တာကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တရုတ်ဘက်က ရေသိုလှောင်ကန်ထဲက ရေ လွှတ်ချတာကြောင့် မြစ်ရေ မြှင့်တက်လာပြီး မြစ်ကမ်းတစ်လျှောက်မှာ နေထိုင်တဲ့ ဒေသခံအများစုဟာ ရေကြီးမှု ကြုံတွေ့နေရပါတယ်။

မိုးမိတ်ဒေသခံတစ်ဦးက “ရွှေလီမြစ်ရေ တက်လာလို့ မြစ်ဆုံရွာထဲ ရေတွေ ရောက်လာတာ။ အဲရွာက ရွှေလီမြစ်နဲ့ နီးနီးလေး။ နမ့်မိတ်ချောင်းနဲ့ နမ့်မောင်းချောင်းဆုံတဲ့ အောက်ကရွာ အဲဘက်တွေမှာတော့ ချောင်းရေ စဝင်ပြီ။ အဓိက ရွှေလီမြစ်တလျှောက်မှာ နေတဲ့ရွာတွေပဲ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

အလားတူ လားရှိုးမြို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေ မြှင့်တက်လာမှုကြောင့် ရပ်ကွက် ၁၂၊ လားရှိုး-အီနိုင်း၊ လားရှိုး-မိုင်းယော်နဲ့ အေတီတံတားဘက်မှာ ချောင်းရေကြီးပြီး လမ်းမပေါ် ရေကြီးရေလျှံတာဖြစ်လို့ ဆိုင်ကယ်နဲ့ ကားသေးတွေ သွားလာလို့ အဆင်မပြေသေးကြောင်း လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနှစ်ရက်ဆက်တိုက် မိုးကြီးနေတော့ ချောင်းရေ တက်လာတာ။ လားရှိုးနဲ့ အီနိုင်းတောင် ဖြတ်လို့မရဘူး။ ကားကြီးတွေတော့ရတယ်။ လမ်းမကြီးပေါ် ရေတွေ ဝင်ကုန်တာ။ အေတီတံတားဘက်လည်း ကြီးတယ်။ သွားလာလို့ အဆင်မပြေဘူး”

ရှမ်းမြောက်အပြင် ရှမ်းအရှေ့ဖြစ်တဲ့ မိုင်းလား၊ ကျိုင်းတုံ၊ တာချီလိတ်နဲ့ ရှမ်းတောင် ဟိုပုံး စတဲ့မြို့နယ်တွေမှာလည်း ‌မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု‌ ဖြစ်ပွားနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

သီပေါမှာ လေပြင်းတိုက်ခတ်လို့ ရှေ့ဟောင်းစေတီတစ်ဆူ ထီးတော် မြေခ၊ ကျောင်းဆောင် ၁ ဆောင်ပျက်စီး

ရှမ်းမြောက် သီပေါမြို့မှာ လေပြင်းတိုက်ခတ်တာကြောင့် ရှေးဟောင်း စေတီတစ်ဆူရဲ့ ထီးတော် မြေခခဲ့ရပြီး ကျောင်းဆောင် ၁ ဆောင်လည်း ပျက်စီးခဲ့တယ်လို့ သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တာချီလိတ်မှာ လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်တချို့ ပျက်စီး

‎ရှမ်းအရှေ့ တာချီလိတ်မြို့မှာ လေ‌ပြင်းတိုက်ခတ်တာနဲ့ မိုးရွာသွန်းမှုတွေကြောင့် နေအိမ်တချို့ ပျက်စီးတာရှိခဲ့ကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နာရီဝက်သာ မိုးကြီးပေမဲ့ မြောင်းနဲ့ ချောင်းအတွင်း အမှိုက်ပိတ်ဆို့တာကြောင့် တာချီလိတ်က ရပ်ကွက်တချို့မှာ ရေကြီးခဲ့

ရှမ်းအရှေ့ တာချီလိတ်မြို့က ရပ်ကွက်တချို့မှာ နာရီပိုင်းအတွင်းသာ မိုးကြီးခဲ့ပေမဲ့ ချောင်းနဲ့မြောင်းတွေမှာ အမှိုက်ပိတ်ဆို့မှုတွေကြောင့် ရပ်ကွက်တချို့က လူနေအိမ်ထဲ ရေတွေဝင်ခဲ့ကြောင်း မြို့ခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုးကြိုး ပစ်ခံရလို့ ဆီဆိုင်မြို့နယ်က နွားအကောင်ရေ ၅၀ နီးပါး သေဆုံး

ရှမ်းတောင် ဆီဆိုင်မြို့နယ် ကောင်းဝါတောင်ရွာမှာ မိုးကြိုး ပစ်ခံရလို့ နွား ၄၉ ကောင် သေဆုံးခဲ့တယ်လို့ ရွာခံတွေက ရွှေဖီမြေကို ပြောပါတယ်။