တမူးမြို့နယ် စစ်တပ်ထောင်ထားတဲ့ မိုင်းနင်းမိလို့ သေသွားတဲ့နွားကို မိုင်းဖိုးဆိုပြီး သိမ်းယူ
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာဘေးပတ်ပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို ဒေသခံတွေရဲ့ နွားက နင်းမိပြီး သေဆုံးသွားခဲ့ရာ နွားကို စစ်တပ်က မိုင်းဖိုးအဖြစ် သတ်မှတ်ပြီး အသားတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။