UWSA နဲ့ NDAA တပ်တွေကို စစ်တပ်က ကိုယ်စားလှယ်တွေ လာရောက်တွေ့ဆုံ၊ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး NDAA ဆွေးနွေးခဲ့
တရုတ်-မြန်မာနယ်စပ်အခြေစိုက် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ မိုင်းလားတပ် (NDAA) တို့ကို စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံခဲ့တယ်လို့ နှစ်ဖက်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။