ရွှေဖီမြေ၊ ဇွန်လ ၁၇ ရက်၊ နေပြည်တော်

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး တိုက်ပွဲ မဖြစ်ပွားဖို့အပါအဝင် အချက် ၇ ချက်ကို ဆွေးနွေးခဲ့ကြောင်း SSPP က ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲအတွင်း SSPP ဘက်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့၊ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ထွန်းလာရေး၊ နှစ်ဖက်တပ်အကြား အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေ ဖြစ်ပွားလာရင် တွေ့ဆုံညှိနှိုင်းခြင်းနဲ့ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် SSPP ဘက်က စစ်ကောင်စီကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာမရှိသလို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

SSPP ထိန်းချုပ်နယ်မြေအတွင်း လိုအပ်တဲ့စက်သုံးဆီကို သယ်ဆောင်ခွင့်ပြုဖို့ အပါအဝင် အချက် ၇ ချက်ကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က လက်ရှိ ရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှု ရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်ပတ်သက်မှု မရှိစေဖို့ နှစ်ဖက်ထိန်းသိမ်းဆောင်ရွက်သွားဖို့ ပြောဆိုခဲ့ပါတယ်။

ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေကို လေးစားအသိအမှတ်ပြုပြီး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားဖို့နဲ့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲကို လာမယ့် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း နေပြည်တော်မှာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ခဲ့ပါတယ်။

SSPP ဟာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးလက်မှတ် ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။