ဦးသိန်းစိန် အစိုးရလက်ထက် ရေဘေးဒုက္ခသည်တွေကို နေရာချပေးခဲ့တဲ့ လားရှိုးက နေအိမ်တွေကို တပ်ပိုင်မြေဆိုပြီး စစ်ကောင်စီတပ်က ဖယ်ရှား

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ်မှာ စစ်တပ်ပိုင်မြေကို ကျူးကျော်နေထိုင်တယ်ဆိုပြီး ဒေသခံတွေရဲ့ နေအိမ် ၉ လုံးကို စစ်တပ်က ဘက်ဖိုးတွေနဲ့ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမှာ SRF ဥက္ကဋ္ဌအပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦးကို မင်းကင်း ပကဖက ဖမ်းဆီးထားပြီး နှစ်ဖက်တပ်အကြား တင်းမာမှု ဆက်ဖြစ်နေ

စစ်ကိုင်းတိုင်း မင်းကင်းမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ လက်အောက်ခံ မင်းကင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ ကျောင်းသားတော်လှန်ရေးတပ်တော်- SRF အကြား စစ်ရေး တင်းမာမှု ဆက်လက် ဖြစ်ပွားနေတယ်လို့ SRF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ယာဉ်ထိန်းရဲက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးပြီး ငွေတောင်း

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲက လိုင်စင်မဲ့ယာဉ်နဲ့ ယာဉ်စည်းကမ်း မလိုက်နာတဲ့သူတွေကို ဖမ်းဆီးနေပြီး ငွေတောင်းကြမ်းနေတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မြိုင်မှာ စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ ဦး သေဆုံး

မကွေးတိုင်း မြိုင်မြို့နယ် လင်းကတော တပ်စခန်းကနေ ဘေးပတ်ဝန်းကျင်ရွာတွေဘက် စစ်ကြောင်း ထိုးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦး သေဆုံးကြောင်း မြိုင် ပကဖဘက်က ထုတ်ပြန်ပါတယ်။

UWSA က တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၆၂ ဦးကို ပြည်ပြန်ပို့၊ ၅ လအတွင်း ပြန်ပို့ခံရတဲ့ တရုတ်နိုင်ငံသား ၇၃၇ ဦးရှိ

“ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ဒေသအတွင်းထဲ တရားမဝင် လမ်းကြောင်းနဲ့ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၆၂ ဦးကို ပြည်ပြန်ပို့ခဲ့တယ်လို့ “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က ထုတ်ပြန်ပါတယ်။

ပနောင်ခေဝ် မိူဝ်ႈဘိုးကောန်အီမာည်းအူအီး ယိူဝ်ႇတအ်ုန်ရေဲန်ဆပဲဆငါးခေဲင်လိုင်းနီန် ငျားဒေညဲ့ဟာဝ်းမဴင်

တိုအီးအရာပ်အူအီး က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ ဒီထိင်တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ပကပီုန်ဆျှံမ်ကဒါႇပိူည် ခေဲင်လှံင်နံင်ခေဝ်နီန် ကောန်အီမာည်းအူအီး ငျားဘိုးဒေညဲ့ဟာဝ်းမဴင် ကတူႈဖေးဘာတ်ဟာဝ်းအောႏ။

အလုပ်လုပ်ဖို့ ထွက်သွားတဲ့ နမ့်ဆန်မြို့နယ်က အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေ

တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ်က အမျိုးသမီးတစ်ဦးဟာ “ဝ” ပြည်နယ် မိုင်းလားဘက်မှာ အလုပ်သွားရောက်လုပ်ကိုင်မယ်ဆိုပြီး ပွဲစားအချိတ်အဆက်နဲ့ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာ နေအိမ်ကနေ ထွက်ခွာသွားခဲ့ရာ အဆက်အသွယ်မရတော့ပဲ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

မိုင်းထပ်နင်းမိရာကနေ နောင်ချိုမြို့နယ်က အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်

‎ရှမ်း‌မြောက် နောင်ချိုမြို့နယ်မှာ အမျိုးသားတစ်ဦးက‌ မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကြောင်း ကူညီပေးသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်လာပါတယ်။

မိုင်းဖြတ်မြို့အနီးမှာ ပြိုကျလာတဲ့ ကျောက်တုံးထိပြီး ကားသမား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရှမ်းအရှေ့ မိုင်းဖြတ်မြို့နယ်မှာ ပြိုကျလာတဲ့ ကျောက်တုံး ထိတာကြောင့် ကားသမား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ဖြစ်စဉ်သိရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။