ဓာတ်ပုံ – ဒေသခံ

ရွှေဖီမြေ၊ ဇွန်လ ၁၉ ရက်၊ မိုင်းငေါ့

တအာင်းတပ် – PLSF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုင်းငေါ့မြို့မှာ ဒေသခံတွေရဲ့ လယ်ယာစိုက်ပျိုးချိန် ရောက်ရှိလာတာကြောင့် လယ်ယာထဲ ရေသွင်းနိုင်းဖို့ ရေဦးထွက်ရာ ဆည်အထက်မှာရှိတဲ့ ရွှေတူးဖော်မှုလုပ်ငန်းတွေကို ရပ်နားထားတယ်လို့ မိုင်းငေါ့မြို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကျနော်တို့ဖက်က မိုင်းငေါ့မြို့မှာဆိုရင် ဥပမာ ချောင်းရဲ့အထက် သူတို့ ရေသုံးရမယ့်နေရာတွေမှာဆိုရင် ကျနော်တို့ ပိတ်ပေးတဲ့ အနေအထားမှာ ရှိပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ရွှေတူးဖော်မှုတွေကို မပိတ်ခင်မှာ လယ်သမားတွေနဲ့ ရပ်ကွက်၊ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပြီး ပိတ်လို့ရတဲ့ ရွှေဆိုဒ်တွေကို ပိတ်ထားပြီး မရတဲ့ နေရာတွေကိုတော့ ဆက်လက်လုပ်ခွင့်ပြုထားတယ်လို့ သူက ဆက်ပြီးပြောပါတယ်။

ဆက်လက်ပြီး ၎င်းက “ဆည်အထက်ကဟာတွေကတော့ ပိတ်ဖို့ များတယ်။ ဆည်အောက်ကတချို့က မပိတ်ဘဲ ရေမဆင်းအောင် ရေလှောင်လိုက်တယ်။ ဒါပေမဲ့ အဲရေတွေက လယ်ထဲပြန်ဝင်လို့ ဒေသခံတွေရဲ့ တိုင်ကြားချက်နဲ့ သွားရောက်စစ်ဆေးပြီး ပိတ်လိုက်ရတာတွေလည်း ရှိပါတယ်။” လို့ ဆိုပါတယ်။

ရွှေတူးဖော်မှု ရပ်နားတဲ့နေရာတွေဟာ လယ်ကွက်အထက်မှာရှိတဲ့ ရေချောင်းတွေမှာသာဖြစ်ပြီး အောက်ပိုင်းရှိ မန်ပင့်အပါ လယ်ကွက်တွေထဲက ရွှေဆိုဒ်တချို့ကတော့ ရပ်နားခြင်းမရှိဘူးလို့ အမည်မဖော်လို့တဲ့ နောက်ထပ် ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကတော့ မိုင်းငေါ့မြို့နယ်အတွင်းက ရွှေလုပ်ကွက် လုပ်ငန်းတွေကို ဇွန်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်အထိ ၁ လခွဲတိတိ ရပ်ဆိုင်းထားမယ့်အကြောင်း ထုတ်ပြန်ထားပြီး ထုတ်ပြန်ချက်အတိုင်း မလိုက်နာပါက အရေးယူသွားမယ်လို့လည်း ဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။