တအာင်းပညာရေး အကယ်ဒမီကျောင်းက အပတ်စဉ် ၄ ဒီပလိုမာသင်တန်းအတွက် ခေါ်ယူနေ

တအာင်းပြည် ပညာရေးကောင်စီ- TLEC က ဦးစီးဖွင့်လှစ်တဲ့ တအာင်းပညာရေး အကယ်ဒမီကျောင်း- TEA က အပတ်စဉ် ၄ ပလိုမာသင်တန်းအတွက် သင်တန်းသူ သင်တန်းသား ခေါ်ယူနေပါတယ်။

တန့်ယန်း၊ မိုင်းယော်နဲ့ ကွတ်ခိုင်မြို့နယ်မှာ တာဝန်ထမ်းဆောင်မယ့် ဆရာ၊ ဆရာမ ၅၀ ဦးကို TEI ခေါ်ယူနေ

ဝေးလံခေါင်သီတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်၊ လားရှိုးမြို့နယ် မိုင်းယော်ဒေသနဲ့ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသရှိ ကျေးရွာတွေမှာ တာဝန်ထမ်းဆောင်မယ့် ကျောင်းဆရာ၊ ဆရာမ ၅၀ ဦးကို တအာင်းပညာရေးအင်စတီကျု (TEI) က ခေါ်ယူနေပါတယ်။

ကွက်ခိုင်မှာ စာသင်ကျောင်းဖွင့်ဖို့ ကိုးကန့်တပ်ထံ စာတင်ထားပေမယ့် တစ်လနီးပါးကြာတဲ့အထိ အကြောင်းပြန်လာတာ မရှိသေး

ရှမ်းမြောက် ကွတ်ခိုင်မြို့ထဲကို စာသင်ကျောင်းတွေ ဖွင့်လှစ်ဖို့ ကိုးကန့်တပ် MNDAA ဆီ စာတင်ထားပေမယ့် တစ်လနီးပါးကြာတဲ့အထိ အကြောင်းပြန်လာတာ မရှိသေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စာသင်ကျောင်းခေါင်းလောင်းသံပြင်ပက ကလေးငယ်တွေရဲ့ဘဝ

မနက်ခင်းအလင်းရောင် စတင်မြင်ရချိန်မှာ ကလေးငယ်တွေရဲ့ စာအံသံထက် တစ်နေ့စာ စားသောက်ဖို့အတွက် မိဘတွေကို စပါးကူထောင်းပေးနေတဲ့ ကလေးတွေ၊ ကျွဲကျောင်းဖို့ ပြင်ဆင်နေကြတာတွေ၊ တောင်ယာထဲဆင်းပြီး အလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့ မြင်ကွင်းတွေသာ တွေ့မြင်ရမှာပါ။

TLEC ရဲ့ စာသင်ကျောင်းတွေကို လာမယ့် ဇွန်လ ၈ ရက်မှာ စတင်ဖွင့်လှစ်မယ်

တအာင်းပြည် ပညာရေးကောင်စီ (TLEC) ရဲ့ စာသင်ကျောင်းတွေကို တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ဒေသတွေမှာ လာမယ့် ဇွန်လ ၈ ရက်ကနေ စတင်ပြီး ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ကျောင်းပြင်ပ ရောက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အတန်းပြန်တက်နိုင်ဖို့ အဆင့်ခွဲစာမေးပွဲ ဖြေဆိုခွင့်ပေးမယ်လို့ဆို

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခြေအနေ အမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်နေတဲ့ ကျောင်းသူကျောင်းသားတွေ ကျောင်းပြန်တက်တဲ့အခါ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အတန်းပြန်တက်နိုင်ဖို့ Placement test (အဆင့်ခွဲစာမေးပွဲ) ဖြေဆိုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ အခြေခံပညာဦးစီးဌာနက ဒီနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကွတ်ခိုင်မှာ ကျောင်းဖွင့်လိုရင် ကိုးကန့်တပ်ထံ ဆရာ ဆရာမနဲ့ကျောင်းသားဦးရေ တင်ပြရမှာဖြစ်ပြီး ကျောင်းသူကျောင်းသားဦးရေ ၅၀ အထက်ရှိမှ ကျောင်းဖွင့်ပေးမယ်လို့ဆို

ကိုးကန့်တပ်- MNDAA ပြန်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်က ကျေးရွာတွေမှာ စာသင်ကျောင်း ဖွင့်ချင်ရင် ကိုးကန့်တပ်ထံ စာတင်ရမှာဖြစ်ပြီး ကျောင်းသူကျောင်းသားဦးရေ ၅၀ အထက်ရှိမှ ကိုးကန့်တပ်ဘက်က ကျောင်းဖွင့်ပေးမယ်လို့ ဒေသခံတွေက ပြောပါတယ်။

တအာင်းပညာရေး ရန်ပုံငွေထီ ခေတ္တ ရပ်နားမယ်

တအာင်းပညာရေး ရန်ပုံငွေထီကို မေလကစပြီး ခေတ္တရပ်နားသွားမယ်လို့ တအာင်းပညာရေး ရန်ပုံငွေထီအဖွဲ့ (Ta’ang Education Fund Lottery)က ဒီနေ့ မေလ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဝက်လက်မြို့နယ်က စာသင်ကျောင်းကို စစ်ကောင်စီတပ်က ‌အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦးသေဆုံးပြီး ကျောင်းသူ/ကျောင်းသားအပါ ၁၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်က ‌အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာရေးနယ်ပယ်အတွက် လူငယ်တွေ အဆင်သင့်ဖြစ်အောင် ဒီပလိုမာပေးအပ်နိုင်မယ့် အင်္ဂလိပ်ကျောင်း တအာင်းဒေသမှာ ဖွင့်လှစ်မယ်

ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာရေး၊ လုပ်ငန်းခွင်နယ်ပယ်တွေအတွက် လူငယ်တွေ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ အင်္ဂလိပ်စာဒီပလိုမာ – Diploma in English အစီအစဉ်ကို တအာင်းဒေသမှာ စတင်အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။