ရွှေဖီမြေ၊ မေလ ၂၁ ရက်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခြေအနေ အမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်နေတဲ့ ကျောင်းသူကျောင်းသားတွေ ကျောင်းပြန်တက်တဲ့အခါ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အတန်းပြန်တက်နိုင်ဖို့ Placement test (အဆင့်ခွဲစာမေးပွဲ) ဖြေဆိုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ အခြေခံပညာဦးစီးဌာနက ဒီနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကစပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်နေတဲ့
မူလတန်းအဆင့် (Grade-2 မှ Grade-5)နဲ့ အလယ်တန်းဆင့် (Grade-6 မှ Grade-9) ကျောင်းသူ ကျောင်းသားတွေကို အထူးအစီအစဥ်အနေနဲ့ Placement test ဖြေဆိုခွင့်ပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဖြေဆိုချင်တဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ လျှောက်လွှာကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးမှာ မေလ ၂၂ ရက်ကနေ ဇွန်လ ၅ ရက်အထိ တိုက်ရိုက်ဆက်သွယ်ပြီး ရယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။
Placement test ကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးရဲ့ အစီအစဥ်နဲ့ လာမယ့် ဇွန်လ ၁၅ ရက်ကနေ ၂၀ ရက်အထိ ဖြေဆိုခွင့် ပေးသွားမယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။