ငေါ့ငါ့ကျေးရွာမှာ ရွှေတူးဖော်မှုရပ်နားခြင်းမရှိဘဲ ကိုးကန့်တပ်က သတ္တုတူဖော်မှုလုပ်ငန်းပါ ထပ်မံစတင်

ကွတ်ခိုင်မြို့နယ် ငေါ့ငါ့ကျေးရွာမှာ ကိုးကန့်တပ် – MNDAA ရဲ့ ရွှေတူးဖော်မှု ရပ်နားခြင်းမပြုတာကြောင့် ဒေသခံတွေရဲ့ လယ်ဧက ၁၀၀ ကျော် စိုက်ပျိုးလို့မရဖြစ်နေတဲ့အချိန်မှာ ငေါ့ငါ့ကျေးရွာဝန်းကျင်မှာ သတ္တုတူးဖော်မှုလုပ်ငန်းထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ စက်လှေတိမ်းမှောက်မှုကြောင့် ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြိုးတံတားအနီးရှိတဲ့ ကင်းချောင်းအတွင်း ဒီနေ့ ဇွန် ၁၅ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ ခရီးသည်တင် စက်လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်မှာ မိုးကြီးပြီး ရပ်ကွက်တချို့ ရေတက်နေ၊ မိုးဆက်လက်ရွာသွန်းဆဲ

ကချင်ပြည် ဖားကန့်မြို့နယ်က ရပ်ကွက်တချို့တွေမှာ မိုးကြီးတာကြောင့် ရေကြီးတာတွေ ဖြစ်နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ချွေးမဖြစ်သူကို ခင်ပွန်းနဲ့ မိသားစုဝင်တွေက သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့

ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်-၅ နယ်မြေ (၂၀) မှာ ချွေးမဖြစ်သူ အမျိုးသမီးတစ်ဦးကို ၎င်းရဲ့ခင်ပွန်းနဲ့ မိသားစုဝင်တွေက ရိုက်နှက်လို့ သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ စာသင်ကျောင်းပိုင်မြေဆိုပြီး တိုက်ခန်းတွေအပါအဝင် နေအိမ် ၁၅ လုံးထက်မနည်းကို ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးနေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၅) မှာ စာသင်ကျောင်းပိုင်မြေဆိုပြီး တိုက်ခန်းတွေအပါအဝင် နေအိမ် ၁၅ လုံးထက်မနည်းကို စစ်ကောင်စီတပ်ဘက်က ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးနေတယ်လို့ လားရှိုးမြို့ခံတွေဆီကနေ စုံစမ်းသိရပါတယ်။

ဖားကန့်မှာ စစ်တပ်က ပစ်သတ်ထားတဲ့ နွားကို ရောင်းဖို့လုပ်တဲ့ အမျိုးသား ၃ ဦး ထပ်မံ ပစ်သတ်ခံရ

ဖားကန့်မြို့မှာ စစ်ကောင်စီတပ် ပစ်သတ်ထားတဲ့ နွားကို ဖျက်ရောင်းဖို့လုပ်တဲ့ အမျိုးသား ၃ ဦး ထပ်မံ ပစ်သတ်ခံခဲ့ရတယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက် ရေဘေးဒုက္ခသည်တွေကို နေရာချပေးခဲ့တဲ့ လားရှိုးက နေအိမ်တွေကို တပ်ပိုင်မြေဆိုပြီး စစ်ကောင်စီတပ်က ဖယ်ရှား

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ်မှာ စစ်တပ်ပိုင်မြေကို ကျူးကျော်နေထိုင်တယ်ဆိုပြီး ဒေသခံတွေရဲ့ နေအိမ် ၉ လုံးကို စစ်တပ်က ဘက်ဖိုးတွေနဲ့ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဖြတ်မြို့အနီးမှာ ပြိုကျလာတဲ့ ကျောက်တုံးထိပြီး ကားသမား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရှမ်းအရှေ့ မိုင်းဖြတ်မြို့နယ်မှာ ပြိုကျလာတဲ့ ကျောက်တုံး ထိတာကြောင့် ကားသမား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ဖြစ်စဉ်သိရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

နမ္မတူ ပန်လုံရွာမှာ ကလေးတွေ မီးခြစ် ဆော့ကစားရာကနေ နေအိမ်မီးလောင်မှုဖြစ်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ ကလေးငယ်တွေ မီးခြစ် ဆော့ကစားရာကနေ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စလော့ဂိမ်း စွဲနေတဲ့ ကျောင်းဆရာမက ဓားနဲ့ထိုးတာကြောင့် ပင်းတယက အမျိုးသမီး ၂ ဦး သေဆုံး

‎ရှမ်းတောင် ပင်းတယမြို့နယ်မှာ အွန်လိုင်းဂိမ်း စွဲနေတဲ့ ကျောင်းဆရာမတစ်ဦးက အမျိုးသမီး ၂ ဦးကို ဓားနဲ့ ထိုးသတ်ခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။