ကျင်ဒွေးမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ပြီး အရပ်သား ၉ ဦးထက်မနည်း သေဆုံး

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့၊ မုန်းချောင်းတံတားအနီးကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၉ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မောတောင်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၂ ဦး သေဆုံး

တနင်္သာရီတိုင်းက မောတောင်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်ထားပါတယ်။

ကားပွဲစားကို သတ်ဖြတ်ခဲ့တဲ့ တရားခံ ၂ ဦး မဖမ်းမိနိုင်သေး

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ကားဝယ်မယ်လို့ဆိုကာ ကားပွဲစားကို သတ်ပြီး ကားလုယူသွားတဲ့ တရားခံ ၂ ဦးကို လက်ရှိအချိန်ထိ ဖမ်းမိတာ မရှိသေးဘူးလို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဆိပ်ဖြူနယ်က ကျေးရွာ ၂ ရွာကို စစ်တပ်ကမီးရှို့၊ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ်ခြေ ၁၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကိုပြောပါတယ်။

တိုက်ပွဲ ပြင်းထန်နေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် စစ်ရှောင် ကလေး ၁ ဦးသေဆုံး

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတဲ့ ဖားကန့်မြို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ရှောင် ကလေး ၁ ဦးသေဆုံးခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ လက်ပံတန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၄ ဦးသေဆုံး

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရတာကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဝက်လက်မြို့နယ်က စာသင်ကျောင်းကို စစ်ကောင်စီတပ်က ‌အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦးသေဆုံးပြီး ကျောင်းသူ/ကျောင်းသားအပါ ၁၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်က ‌အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ နေအိမ် ၂ လုံးထိပျက်စီး

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်က ပျဥ်းမပင်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၂ လုံး မီးပျက်စီးခဲ့ပြီး ဒေသခံ ၁ ဦးလည်း ထိမှန်ဒဏ်ရာရသွားခဲ့တယ်လို့ KNU ကဒီနေ့ ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းရွာရှိ ပုဂ္ဂလိကဆေးရုံက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးခန်ကို စစ်တပ်က ဖမ်းဆီးသွား၊ ပြန်လွှတ်ပေးဖို့ ဒေသခံတွေ တောင်းဆို

တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ဖားကန့်မြို့မှာ ပုဂ္ဂလိကဆေးရုံက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေဘိုအနောက်ခြမ်းက ကျေးရွာ ၁ ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ နွားနဲ့ဆိတ်တွေလည်း သေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်းက ကျေးရွာ ၁ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။