ာတ်ပုံ- Local

သုတ၊ မေလ ၁၉ ရက်

တအာင်းလူမျိုးတွေရဲ့ ရင်ထဲ စွဲမြဲနေတဲ့ “ဆငည်းဟိုက်ဇိုက်ဇာရ်”သီချင်းကို ရေးသားခဲ့သူ တားမြတ်ထွန်း ကွယ်လွန်သွားပြီလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တားမြတ်ထွန်းဟာ ၎င်းနေထိုင်တဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် ခေးနင်းကျေးရွာမှာ ရောဂါနဲ့ မနေ့ မေလ ၁၈ ရက် ည ၉ နာရီ ၅၀ မိနစ်က ကွယ်လွန်သွားတယ်လို့ ဆိုပါတယ်။

“လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာပါ။ သဂြိုလ်တာက ၂၂ ရက်နေ့မှ သဂြိုလ်မှာ။ သူ့သားသမီးတွေက အဝေးမှာ ရောက်နေလို့ ပြန်လာအောင် စောင့်ရအုံးမယ်” လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တားမြတ်ထွန်း ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး မကွယ်လွန်ခင်အထိ လားရှိုးမြို့နယ် တအာင်းစာပေနဲ့ယဉ်ကျေးမှု နာယကအဖြစ် တာဝန်ယူခဲ့တယ်လို့ သိရပါတယ်။

တားမြတ်ထွန်းရဲ့ဇာတိဟာ နမ့်ခမ်းမြို့နယ် အွယ်လောအုပ်စု မန်စက်ရွာကဖြစ်ပြီး ၁၉၉၆ ခုနှစ်ဝန်းကျင်က လားရှိုးမြို့နယ် ခေးနင်းရွာဘက် ပြောင်းရွှေ့နေထိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

တားမြတ်ထွန်း ရေးသားခဲ့တဲ့ “ဆငည်းဟိုက်ဇိုက်ဇာရ်”သီချင်းဟာ တအာင်းလူမျိုးတွေကို စည်းလုံးညီညွတ်မှုရှိဖို့ နိုးကြွစေတဲ့ သီချင်းဖြစ်ပြီး တအာင်းနဲ့ပတ်သက်တဲ့ ပွဲတော်အများစုရဲ့ ဖွင့်ပွဲတိုင်းမှာ အဲဒီသီချင်းကို အမြဲသီဆိုလေ့ ရှိကြပါတယ်။

တားမြတ်ထွန်း ကွယ်လွန်သွားပြီ ဖြစ်ပေမဲ့ ၎င်းရေးသားခဲ့တဲ့ “ဆငည်းဟိုက်ဇိုက်ဇာရ်” သီချင်းကတော့ တအာင်းလူမျိုးတွေရဲ့ရင်ထဲ စွဲမြဲနေဆဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။