Browsing Category
လေကြောင်းတိုက်ခိုက်မှု
184 posts
နမ့်ဖတ်ကာရှိ TNLA တပ်စခန်းအားလုံးကို ကိုးကန့်တပ် စီးနင်းတိုက်ခိုက်သိမ်းပိုက်၊ နမ့်ဖတ်ကာ-နမ့်ခမ်းကြားရှိ TNLA တပ်စခန်းတွေကို ဦးတည်တိုက်ခိုက်နေ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာရှိ တအာင်းတပ် – TNLA ရဲ့ တပ်စခန်းအားလုံးကို ကိုးကန့်တပ် စီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းအရင်းမြစ်တွေက ပြောပါတယ်။
နမ့်ဖတ်ကာ-နမ့်ခမ်းကြား ၁၂ မိုင်ရှိ တအာင်းတပ်ဂိတ်ကို ကိုးကန့်တပ် ဒရုန်းဗုံး ရာနဲ့ချီ ကြဲချပြီး ထိုးစစ်ဆင်နေ
တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာအစပ် ၁၂ မိုင်ကျေးရွာမှာရှိတဲ့ တအာင်းတပ်- TNLA ရဲ့ ဂိတ်စခန်းကို ကိုးကန့်တပ်- MNDAA က ဒရုန်းဗုံးတွေနဲ့ လာရောက်ကြဲချတိုက်ခိုက်ပြီး ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
ဖလမ်းမှာ စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကလေးအပါအဝင် ၂ ဦးသေဆုံး
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးနဲ့မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် မနေ့ မတ်လ ၁၁ ရက်နေ့အတွင်း ကလေးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမ်းမြို့နယ် ဒါးလက်ချောင်းမှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းနဲ့ တိုက်ခိုက်ခံရလို့ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး
အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်မှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
လယ်မူလားမြို့နယ်မှာ စစ်ကောင်စီတပ် ဗုံး ထပ်ကြဲလို့ ကလေး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ် တကူရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။