ဝက်လက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ မွေးခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ Wetlet Informational Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။

ဝက်လက်မြို့နယ်ထဲ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် အသေခံဒရုန်းနဲ့ ဗုံးကြဲလို့ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ နတ်ကုန်းရွာသစ်နဲ့ ဝက်လူးအိုင်ရွာထဲကို စစ်ကောင်စီတပ်ဘက်က အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လူသတ်မှုနဲ့ MNDAA ရဲ့ သေဒဏ်ပေးစီရင်ခံရသူ ၄ ဦးထဲက သမီးအရင်းဖြစ်သူကို သတ်လို့ဆိုပြီး စွပ်စွဲခံရတဲ့ ကွတ်ခိုင်က အမျိုးသားလည်း ပါဝင်၊ ဇနီးဖြစ်သူကတော့ စွပ်စွဲချက်ကို လက်မခံ

မနေ့ ဇွန်လ ၁၃ ရက်က ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ကိုးကန့်တပ်မတော် – MNDAA က လူသတ်မှုနဲ့ သေဒဏ်ပေးခဲ့တဲ့ ၄ ဦးထဲမှာ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် ၈ က သမီးအရင်းဖြစ်သူကို သတ်တယ်လို့ဆိုပြီး စွပ်စွဲခံရတဲ့ အမျိုးသားတစ်ဦး ပါဝင်တာ တွေ့ရပါတယ်။

ဝက်လက်က ကျေးရွာ ၄ ရွာ မီးရှို့ခံရပြီး ဒေသခံ ၅ ထောင်ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ကျေးရွာ ၄ ရွာ မီးရှို့ခံရတာကြောင့် ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Wetlet News Information မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုက ဘာသာရေးဆရာ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းက ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၈ နှစ်အရွယ် ဘာသာရေးဆရာတစ်ဦး သေဆုံးခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်

ချင်းညီနောင် (CB) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အရပ်သား နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရမ်းဗြဲနဲ့ တောင်ကုတ်မြို့နယ်ရှိ စစ်ဘေးရှောင်နေရာတွေကို ဗုံးကြဲတိုက်ခိုက်လို့ ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

အာရက္ခတပ်တော်(ULA/AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်နေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ စစ်ဘေးရှောင် ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဖားကန့်မှာ စစ်တပ်က ပစ်သတ်ထားတဲ့ နွားကို ရောင်းဖို့လုပ်တဲ့ အမျိုးသား ၃ ဦး ထပ်မံ ပစ်သတ်ခံရ

ဖားကန့်မြို့မှာ စစ်ကောင်စီတပ် ပစ်သတ်ထားတဲ့ နွားကို ဖျက်ရောင်းဖို့လုပ်တဲ့ အမျိုးသား ၃ ဦး ထပ်မံ ပစ်သတ်ခံခဲ့ရတယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပလက်ဝမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင် ပလက်ဝမြို့နယ် ဆမီးမြို့နယ်(ခွဲ)မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် တစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက် ရေဘေးဒုက္ခသည်တွေကို နေရာချပေးခဲ့တဲ့ လားရှိုးက နေအိမ်တွေကို တပ်ပိုင်မြေဆိုပြီး စစ်ကောင်စီတပ်က ဖယ်ရှား

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ်မှာ စစ်တပ်ပိုင်မြေကို ကျူးကျော်နေထိုင်တယ်ဆိုပြီး ဒေသခံတွေရဲ့ နေအိမ် ၉ လုံးကို စစ်တပ်က ဘက်ဖိုးတွေနဲ့ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။