MNDAAက ပြုလုပ်တဲ့ အစည်းအဝေးကနေ ပြန်လာတဲ့ နားဟွယ်သူကြီး လမ်းမှာ MNDAAရဲ့ ရိုက်နှက်ခြင်းကို ပြန်ခံရ

ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းကျေးရွာသို့ MNDAA-ကိုးကန့်တပ်ကပြုလုပ်တဲ့ အစည်းအဝေးကိုတက်ပြီး ပြန်လာတဲ့ နားဟွယ်ရွာသူကြီးကို MNDAA က ‌ရိုက်နှက်ခဲ့လို့ ဒဏ်ရာရခဲ့ကြောင်း ရွာခံ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မြိုင်မြို့နယ်က အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသား ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ အလုပ်အကိုင်မရှိတဲ့ လူငယ်တွေကို လစာကောင်းပေးမယ်ဆိုပြီး စစ်မှုထမ်းကြဖို့ စစ်ကောင်စီ လိုက်လံစည်းရုံးနေ

ရှမ်းမြောက် လားရှိုးမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ အလုပ်အကိုင်မရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းကြဖို့ စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်အောက်ခံရဲတွေက လိုက်လံစည်းရုံးနေတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

ကွတ်ခိုင်တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို MNDAA က လျော်ကြေးပေးမယ်လို့ ပြောဆိုထားပေမဲ့ ၃ လကျော် ကြာတဲ့အထိ မပေးသေး

ကိုးကန့်တပ်- MNDAA က ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ရှိ တအာင်းတပ် – TNLA ရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ချိန်မှာ ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ နေအိမ်နဲ့ ရွာဘုန်းကြီးကျောင်းအဆောင်တွေ ပြန်လည်ပြုပြင်ပေးမယ်လို့ ကိုးကန့်ဘက်က ပြောဆိုထား‌ပေမယ့် လက်ရှိအချိန်ထိ လာပြုပြင်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင် မော်ဟန်ဂိတ်မှာ KIA နဲ့ MNDAA ပွတ်တိုက်မှု ထပ်မံဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ရွာက ကချင်တပ်မတော်- KIA ဂိတ်မှာ မနေ့ ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းက KIA နဲ့ MNDAA(ကိုးကန့်တပ်)တို့အကြား ပွတ်တိုက်မှု ထပ်မံ ဖြစ်ပွါးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

ဖားကန့် ဝှေလုံရွာမှာ KIA တပ်ဖွဲ့ဝင် ၁ဦးက ဒေသခံတွေကို ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးမှုရှိပြီး သေနတ်ပစ်ခတ်တဲ့တပ်သား ကိုယ့်ကိုယ်အဆုံး-စီရင်သွား

ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဝှေခါ – အင်းတော်ကြီးကြားရှိ ညောင်ထောက်ဂိတ်က ကချင်တပ်မတော်-KIA တပ်ဖွဲ့ဝင် ၁ဦးက မနေ့ ဇူလိုင်လ ၆ ရက်နေ့ည ၁၂ နာရီခန့်မှာ သောက်စားမူးယစ်ပြီး ဒေသခံတွေကို သေနတ်နဲ့ ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးမှုရှိပြီး ဒဏ်ရာရသူရှိကာ သေနတ်ပစ်ခတ်ခဲ့တဲ့တပ်သားလည်း ကိုယ့်ကိုယ်အဆုံး-စီရင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖီမော နယ်စပ်ဂိတ်မှာ KIA အရာရှိတစ်ဦးက အာဏာသုံးပြီး တာဝန်ကျဝန်ထမ်းတွေကို အများပြည်သူရှေ့မှာ ပါးရိုက်ပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့

ကချင်ပြည်နယ်၊ ဖီမော မြန်မာ-တရုတ်နယ်စပ်ဂိတ်မှာ ကချင်တပ်မတော်-KIA အရာရှိတစ်ဦးက အာဏာအလွဲသုံးကာ တာဝန်ကျ ဝန်ထမ်းတွေကို ကိုယ်ထိလက်ရောက်ပြုမူခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။