Browsing Category
ပေါက်ကွဲမှု
10 posts
ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ကောင်းတပ်ရွာခံတွေအတွက် အခြေခံဆေးဝါး အကူအညီပေးတွေ လိုအပ်
တအာင်းတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေအတွက် အခြေခံဆေးဝါး အကူအညီတွေ လိုအပ်နေသေးကြောင်း သိရပါတယ်။
ကောင်းတပ်က ပေါက်ကွဲမှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ TCSN တောင်းဆို၊ သေဆုံးသူ ၆၀ အထိ တိုးလာပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ရှိ
မေလ ၃၁ ရက် နေ့လယ် ၁၂ နာရီခွဲမှာ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာက ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တအာင်းတပ်မတော် TNLA အနေနဲ့ စုံစမ်းစစ်ဆေးမှုကို အမြန်ဆုံး လုပ်ဆောင်ဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းကွန်ယက် TCSN က တောင်းဆိုလိုက်ပါတယ်။
နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ TNLA ဆို
နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ မိုင်းတွင်းကျောက်လုပ်ငန်းအတွက် သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်-TNLA က မေလ ၃၁ ရက်နေ့မှာ ရှင်းလင်းချက် ထုတ်ပြန်လိုက်ပါတယ်။
နမ့်ခမ်း ကောင်းတပ်ရွာ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၅ ဦးအထိ ရှိ၊ ထပ်တိုးလာနိုင်
ဒီနေ့ မေလ ၃၁ ရက် နေ့လယ် ၁၂ နာရီခွဲမှာ နမ့်ခမ်းမြို့ ကောင်းတပ်ရွာက ပေါက်ကွဲမှုကြောင့် ဒေသခံ သေဆုံးသူ ၅၅ ဦးအထိရှိပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ကယ်ဆယ်ရေးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နမ့်ခမ်းမှာဖြစ်ပွားတဲ့ ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူအများအပြားရှိနေပြီး အရေးပေါ်သွေးတွေ လိုအပ်နေ
ဒီနေ့ နေလ ၃၁ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်မှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့အနီးက ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူအများအပြားရှိနေပြီး အရေးပေါ်သွေးလိုအပ်နေတယ်လို့ ကယ်ဆယ်ရေးလုပ်ပေးနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။