ပို့လဘား၊ ဇူလိုင် ၉ ရက်၊ လားရှိုး
ဒီနေ့ ဇူလိုင်လ ၉ ရက် ညနေ ၄ နာရီခွဲကျော်မှာ လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့ထဲ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက် ၁၀ မှာနေတဲ့ အသက် ၃၆ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
“ဆင်တောင်ဘက်ကနေ ပစ်လာတာ ပြောတယ်။ သေတဲ့အမျိုးသမီးက ရင်ခွဲရုံရောက်ပြီ။ ရပ်ကွက် ၆ ဘက်က အမျိုးသမီးတစ်ဦးက ထိခိုက်ဒဏ်ရာရတယ်။ အိမ်အနည်းငယ် ပျက်စီးသွားတယ်”
လားရှိုးမြို့ထဲ စစ်တပ်က ထိန်းချုပ်ထားပြီး မြို့ပြင်နေရာတွေကိုတော့ ကိုးကန့်တပ်မတော်- MNDAA က ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း လားရှိုးမြို့ရှိ ခြေလျင်တပ်ရင်း ၄၁ တပ်ထဲ ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ဖူးပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၈ နာရီဝန်းကျင်မှာလည်း လားရှိုးမြို့ ရပ်ကွက်(၁၁) နယ်မြေ(၉)ထဲ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့ဖူးပါတယ်။
ဒီပစ်ခတ်မှုက ဘယ်အဖွဲ့လုပ်ဆောင်လည်းဆိုတာကိုတော့ မသိရသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။