မူဆယ်မြို့က ရွှေလီမြစ်မှာ ပုပ်ပွနေတဲ့ အမျိုးသားအလောင်း တစ်လောင်းတွေ့

ရှမ်းမြောက် မူဆယ်မြို့က ရွှေလီမြစ်မှာ ပုပ်ပွနေတဲ့ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိတယ်လို့ မြင့်မြတ်ပါရမီသွေးလှူရှင်နဲ့ လူမှုကူညီအသင်းက ဒီနေ့ ဇူလိုင် ၂၂ ရက်မှာ ဖော်ပြရေးသားထားပါတယ်။

တရုတ်ဘက်က ရေကာတာဖွင့်ချခဲ့ချိန်ကစပြီး ရွှေလီမြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံတွေ လက်ရှိအချိန်ထိ ရေလွှမ်းမိုးခြင်းဒဏ်ကို ခံနေရ

တရုတ်ဘက်က ရေကာတာဖွင့်ချခဲ့ချိန်ကစပြီး တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ရွှေလီမြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံတွေဟာ လက်ရှိအချိန်ထိ ရေလွှမ်းမိုးခြင်းဒဏ်ကို ခံစားနေရတာ ဖြစ်ပါတယ်။

နမ့်ခမ်းမှာ ရေကြီးမှုကြောင့် ဓာတ်ဆီကို အကန့်အသတ်နဲ့သာ ရောင်းချနေရ

တအာင်းတပ်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့မှာ ရွှေလီမြစ် ရေကြီးမှုကြောင့် ဓာတ်ဆီတင်ယာဉ်တွေ ဝင်ရောက်မလာနိုင်တဲ့အတွက် ဓာတ်ဆီပြတ်လပ်လာပြီး ဆီဆိုင်တွေက ဓာတ်ဆီကို အကန့်အသတ်နဲ့သာ ရောင်းချနေတယ်လို့ နမ့်ခမ်းမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေလီမြစ်ကမ်းဘေးမှာနေထိုင်တဲ့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် တရုတ်နိုင်ငံရဲ့ ရေကာတာဖွင့်ချမှုမှာ ပွင့်လင်းမြင်သာမှုရှိဖို့ TEWG တိုက်တွန်း

တရုတ်နိုင်ငံထဲ မိုးပြင်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနယ်စပ်အနီးမှာရှိတဲ့ တရုတ်နိုင်ငံထဲက ရေကာတာတစ်ခုကို ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကစပြီး တရုတ်က ဖွင့်ချဖို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ရွှေလီမြစ်ကမ်းဘေးမှာရှိတဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ ရေတွေမြင့်တက်လာခဲ့ပါတယ်။

တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁ ထောင်ကျော် ပြန်ပို့ပြီးနောက် ပန်ဆန်းမှာ အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြောင်းလဲပေးသွားမယ်လို့ဆို

“ဝ” တပ်မတော် – UWSA ထိန်းချုပ်ဒေသ မြို့တော်ဖြစ်တဲ့ ပန်ဆန်း (ပန်ခမ်း) မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူလူထုတွေရဲ့ အိမ်ထောင်စုစာရင်းတွေကို ပြန်လည်စစ်ဆေးပြီး အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အသစ် အခမဲ့ ပြုပြင်လဲလှယ်ပေးသွားမယ်လို့ “ဝ” ပြည်တရားရေးကော်မတီ – WSP က မနေ့ ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သူငယ်ချင်းက လိမ်ခေါ်လို့ တရုတ်မယားဖြစ်သွားမယ့် အခြေနေနဲ့ ကြုံခဲ့ရတဲ့ ကူမဲမြို့က အမျိုးသမီးတစ်ဦး ခိုးပေါက်ကဝင်လို့ဆိုပြီး မန်စီမှာ အဖမ်းခံထားရ

‎မန္တလေးတိုင်း ကျောက်ဆည်ခရိုင် ကူမဲမြို့က အမျိုးသမီးတစ်ဦးကို တရုတ်ပြည်ရှ်ိ သူငယ်ချင်းဖြစ်သူမှ တရုတ်မယားအဖြစ် လိမ်လည်ခေါ်ဆောင်ခဲ့ပြီး ခိုးပေါက်ကနေ ဝင်တာကြောင့် လက်ရှိမှာတော့ မန်စီမြို့မှာ အဖမ်းခံထားရကြောင်း သူနဲ့နီးစပ်သူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွှေလီမှာ အလုပ်သွားလုပ်တဲ့ နမ့်ဆန်က အမျိုးသမီးတစ်ဦး ၂ လကျော်ကြာ ပျောက်ဆုံးနေ

တအာင်းတပ်-PSLF/TNLAထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့က အမျိုးသမီးတစ်ဦး တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်သွားလုပ်ရာကနေ ၂ လကျော်ကြာ မိသားစုဝင်နဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ခိုးပေါက်ကနေ ဝင်လာပြီး ရွှေလီမြို့မှာ အလုပ်ဝင်ရောက်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသား ၄၆ ဦး ဖမ်းဆီးခံရပြီး မြန်မာဘက် ပြန်ပို့ခံရ

ခိုးပေါက်ကနေ ဝင်လာပြီး အလုပ်ဝင်ရောက်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသား ၄၆ ဦးကို တရုတ်ရဲက တရုတ်ပြည် ရွှေလီမြို့မှာ ဖမ်းဆီးရမိခဲ့ပြီး မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး တရုတ်ပြည်ဝင်ခွင့်လည်း ပိတ်ပင်ခံရကြောင်း သိရပါတယ်။

အမှိုက်ကား ပုံမှန်မလာတာကြောင့် မူဆယ်ဒေသခံတွေက အမှိုက်ကို ကြုံသလို စွန့်ပစ်နေရလို့ အနံ့ဆိုး ထွက်နေ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အမှိုက်ကား ပုံမှန်မလာတာကြောင့် အမှိုက်ကို ကြုံသလို စွန့်ပစ်နေရတာကြောင့် ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက အနံ့ဆိုးတွေ နေ့တိုင်း ရှူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝ”တပ်က တရုတ်ကျားဖျန့် ၁၉၂ ဦးကို ဖမ်းဆီးပြီး တရုတ်ထံ ထပ်မံလွှဲပြောင်း၊ ၅ လအတွင်း တရုတ်ကျားဖျန့် ၄၀၀ ကျော် ဖမ်းဆီးပြီး ပို့ခဲ့

“ဝ” တပ်မတော် – UWSA လက်အောက်ခံ တရားရေးကော်မတီက “ဝ” ဒေသတွင်းထဲမှာ အွန်လိုင်းငွေလိမ်လည်မှုလုပ်ကိုင်နေတဲ့ တရုတ်ကျားဖျန့် ၁၉၂ ဦးကို ဖမ်းဆီးပြီး တရုတ်နိုင်ငံဘက်ကို ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ WSP က မနေ့ ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။