လားရှိုးမြို့ပြင်က ကျေးရွာတွေမှာ တစ်ရွာကို ၅ ဦးနှုန်းနဲ့ စစ်မှုထမ်းရမယ်လို့ MNDAA ပြော

ရှမ်းမြောက် လားရှိုးမြို့နယ်က ကျေးရွာအများစုမှာ ကျေးရွာတစ်ရွာကို ၅ ဦးနှုန်းနဲ့ စစ်မှုထမ်းရမယ်လို့ ကိုးကန့်တပ် MNDAA ဘက်က တောင်းခံနေတယ်လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ZRA ဘက်က ၆ ဦးသေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) တို့ဘက်က ၆ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (ဇိုလဲန်း) က မနေ့ ဇူလိုင် ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လင်းမယား ၂ ဦးထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လင်းမယား ၂ ဦး ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီနဲ့ TNLA ရဲ့ ဆွေးနွေးချက် ပေါက်ကြားလာ၊ ပြည်နယ်လိုချင်ရင် လွှတ်တော်ကနေ ဆောင်ရွက်ရမယ်လို့ စစ်ကောင်စီတုံ့ပြန်

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA တို့ နေပြည်တော်မှာ ဆွေးနွေးထားတဲ့ အချက်တွေ ပေါက်ကြားလာပါတယ်။

အာဇာနည်နေ့မှာ AA ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၅ ဦး သေဆုံးပြီး သံဃာတော် ၃ ပါးအပါအဝင် ၂၉ ဦး ဒဏ်ရာရ

မနေ့ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တစ်ရက်ထဲမှာတင် စစ်ကောင်စီတပ်က အာရက္ခတပ်တော်-AA ထိန်းချုပ်ထားတဲ့ မြို့နယ် ၃ ခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၅ ဦးသေဆုံးပြီး သံဃာတော်အပါအဝင် ၂၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ တအာင်းတပ် တွေ့ဆုံဆွေးနွေး

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ရဲ့ ကိုယ်စားလှယ်တို့ နေပြည်တော်မှာ ဒီနေ့ ဇူလိုင် ၁၉ ရက် တွေ့ဆုံခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဟားခါးမြို့မှာ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ထန်တလန်မြို့ကို အားလုံးစုံ ထိန်းချုပ်ထားခြင်း မရှိဘဲ တိုက်ပွဲတွေ ဆက်လက်ရှိနေဆဲ

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီက အားလုံးစုံ ထိန်းချုပ်ထားခြင်း မရှိသေးဘဲ တိုက်ပွဲတွေ ဆက်လက်ရှိနေသေးတယ်လို့ CDF ထန်တလန်က ရွှေဖီမြေသို့ ပြောပါတယ်။

မြိုင်မြို့နယ်က အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသတ်ဖြတ်တဲ့အပြင် နေအိမ်တွေလည်း ထပ်မံမီးရှို့ဖျက်ဆီး

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မူးမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အို ၂ ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ထားတဲ့ ခလယ်လွီထူခရိုင် မူးမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။