ရွှေဖီမြေ၊ ဇူလိုင် ၂၃ရက်

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA တို့ နေပြည်တော်မှာ ဆွေးနွေးထားတဲ့ အချက်တွေ ပေါက်ကြားလာပါတယ်။

ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာ နေပြည်တော် ရွှေစံအိမ်ဟိုတယ်မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး TNLA ဘက်က ၎င်းတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ တအာင်းပြည်နယ်ရရှိရေးအတွက် ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် TNLA အနေနဲ့ နိုင်ငံကနေ ခွဲထွက်မှာမဟုတ်ဘဲ အသိအမှတ်ပြုမှုကို ရရှိရင် မိုင်းလားတပ် – NDAA နဲ့ “ဝ” တပ်ဖွဲ့ – UWSA တို့နဲ့အတူ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်မယ်လို့ ဆိုထားပါတယ်။

တရုတ်နိုင်ငံမှာ နှစ်ဖက်တပ်အကြား ရရှိထားတဲ့ ဟိုင်ဂင်သဘောတူညီချက်ကို လေးစားလိုက်နာပြီး တရုတ် – မြန်မာနယ်စပ် တည်ငြိမ်မှုကနေ မြန်မာတစ်နိုင်ငံလုံး အေးချမ်းဖို့ အရေးပါတယ်လို့ ဖော်ပြထားပါတယ်။

TNLA ဘက်က လူထုဘဝ သက်သာချောင်ချိရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ပြီး ရှမ်းမြောက် သီပေါနဲ့ နမ္မတူမြို့နယ်ကြားရှိ မိုးတေတံတား ပြန်ပြင်ဖို့အပါအဝင် တအာင်းဒေသ ဖွံ့ဖြိုးရေးအတွက် စစ်ကောင်စီဘက်က သဘောထားကြီးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ နမ့်ဆန်နဲ့ မန်တုံကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပြီးဖြစ်တာကြောင့် ပြည်နယ်ရဖို့ လွှတ်တော်ကနေ ဆောင်ရွက်ရမယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် တအာင်းဒေသက ပညာရေးနဲ့ပတ်သက်ပြီး တရားဝင်ကျောင်းဖြစ်ဖို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားရင် အဆင်ပြေနိုင်မယ်လို့ ပြန်လည်ဆွေးနွေးပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ တအာင်းတပ်အကြား ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလထဲမှာ အပစ်ရပ်ထားပြီးနောက် ၁ နှစ်နီးပါးအကြာမှာ နေပြည်တော်မှာ ဆွေးနွေးမှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

နှစ်ဖက်တွေနောက်တစ်ကြိမ်ပြန်တွေ့မယ့်နေရာကို တအာင်းဒေသ နမ့်ဆန်မြို့မှာ စစ်ကောင်စီဘက်က အဆိုပြုထားပြီး TNLA ဘက်က ဗဟိုကော်မတီနဲ့ ပြန်လည်ညှိနှိုင်းမယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ နှစ်ဖက်တပ်အကြား ဆွေးနွေးမှုတွေကို ထုတ်ပြန်ထားပေမယ့် TNLA ဘက်ကတော့ ဒီနေ့ ဇူလိုင် ၂၁ ရက်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

PSLF/TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ပေါင်း ၁၂ ခုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး မြို့နယ် ၆ ခုကို ပြန်လက်လွှတ်ခဲ့ရကာ လက်ရှိမှာ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းငေါ့နဲ့ မိုင်းလုံမြို့တွေကိုသာ ထိန်းချုပ်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။