ရှမ်းမြောက်မှာ လူမှုကွန်ယက်အကောင့်တွေ မကြာခဏဖောက်ထွင်းခံနေရ၊ ငွေလာချေးရင် သေချာစီစစ်ဖို့ လိုအပ်
ရှမ်းမြောက်မှာ လူအသုံးများကြတဲ့ လူမှုကွန်ယက်ဖြစ်တဲ့ Facebook၊Viber၊Telegram အကောင့်တွေ မကြာခဏဖောက်ထွင်းခံနေရပြီး အဲကနေတစ်ဆင့် ငွေလိုက်လံ ချေးယူတာတွေ ဆက်တိုက်ကြုံနေရတယ်လို့ ကြုံတွေ့ခဲ့ကြတဲ့ ကာယကံရှင်တွေက ပြောပါတယ်။