Browsing Category
ကုန်သွယ်ရေး
38 posts
လားရှိုးမှာ ဆောက်လုပ်ရေးသုံးပစ္စည်း တင်ဆောင်တဲ့ ကား ၂ စီးကို အခွန်မဆောင်ကြောင်းပြောပြီး စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီး
ရှမ်းမြောက် လားရှိုးမြို့မှာ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ တင်လာတဲ့ ကား ၂ စီးကို အခွန်မဆောင်လို့ စွတ်စွဲပြီး စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးကြောင်း ဖြစ်စဉ်ကိုသိရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
နမ့်ခမ်း – နမ့်ဖက်ကာကြားက ၁၂ မိုင်ဂိတ်မှာ MNDAA က မီးသွေးတင်ကားတွေကို ဂိတ်ကြေးငွေ ၁၀ သိန်းကျော်အထိ ကောက်ခံနေလို့ မီးသွေးလုပ်သူတောင်သူ အခက်ကြုံ
နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာကြား ၁၂ မိုင်ဂိတ်မှာ ဂိတ်ထိုင်ထာရတဲ့ ကိုးကန့်တပ်မတော် – MNDAA က မီးသွေးတင်ကားတွေကို ဂိတ်ကြေးငွေဆိုပြီး ကား ၁စီးကို ငွေကျပ် ၁၀ သိန်းကျော်အထိ ကောက်ခံနေကြောင်း ကားသမားနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကျောင်းဖွင့်ရာသီမှာ ကလေးငယ်တွေ သွားလာရေး အဆင်ပြေစေဖို့ ဖားကန့်-ကာမိုင်းလမ်းပိုင်း ပြန်ဖွင့်
ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကျောင်းဖွင့်ရာသီ ရောက်တော့မှာ ဖြစ်တာကြောင့် ကျောင်းသူကျောင်းသားတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် ဖားကန့်-ကာမိုင်းလမ်းကို တော်လှန်ရေးတပ်တွေက ပြန်ဖွင့်ပေးလိုက်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တရုတ်ကုန် တင်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြင်ဦးလွင်မှာ ကုန်တင်ယာဉ်တစ်စီးကို ငွေသိန်း ၁၀၀ အထိ စစ်ကောင်စီက တောင်းနေ
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ရှမ်းမြောက်ကနေလာတဲ့ ကုန်တင်ယာဉ်တွေဟာ တရုတ်ကုန် တင်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျပ်သိန်း ၁၀၀ အထိ စစ်ကောင်စီနဲ့ ဌာနဆိုင်ရာတွေက တောင်းခံနေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ ကားသမားရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ တရုတ်ကုန်ပစ္စည်း ဖမ်းဆီးမှုတွေကြောင့် ကားသမားတချို့ ပစ္စည်းသယ်ယူမှု ရပ်နားထားရ
ရက်(၁၀၀) စီမံချက်ဆိုပြီး စစ်ကောင်စီရဲ့ တရုတ်ကုန်ပစ္စည်း ဖမ်းဆီးမှုတွေကြောင့် ကားတချို့ ပစ္စည်းသယ်ယူမှု ရပ်နားထားရတယ်လို့ လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပိုင်းမှာ ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သီပေါနဲ့ နမ့်လန်မှာ စစ်ကောင်စီတပ်က တရုတ်ထုတ်ကုန် တင်တဲ့ကားတွေကို ရက် ၁၀၀ စီမံကိန်းအနေနဲ့ စတင်ဖမ်းဆီးနေ
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါနဲ့ နမ့်လန်မှာ တရုတ်ထုတ်ကုန်ပစ္စည်း တင်ဆောင်တဲ့ ယာဉ်တွေကို ရက် ၁၀၀ စီမံကိန်းအနေနဲ့ စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်း ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။