At Least Eight Killed, Including Child, in MNDAA Drone and Gunfire Attack in Kutkai

At least eight civilians, including a child, were killed and seven others wounded—among them four children—following drone strikes and gunfire by the Myanmar National Democratic Alliance Army (MNDAA) during the clashes in Kutkai Township, northern Shan State.

မူဆယ်မှာ စစ်ကောင်စီက တပ်ခေါင်းဆောင်တွေကို အပြောင်းအလဲလုပ်၊ မြို့တွင်း စစ်ဆေးမှုတွေလုပ်

စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တပ်ခေါင်းဆောင်တွေကို အပြောင်းအလဲတွေပြုလုပ်နေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

၁၀၅ မိုင်ရှိ တအာင်းရွာအားလုံး အသက် ၁၈ နှစ်ပြည့်တဲ့သူတွေ လာရောက်စစ်မှုထမ်းရမယ်လို့ ကိုးကန့်တပ်က ခြိမ်းခြောက်၊ TNLA တပ်သားတွေကိုလည်း သူတို့ထံ စစ်မှုထမ်းဖို့ပြောပြီး လစာပေးမယ်လို့ ဆို

ရှမ်းမြောက် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ တအာင်းကျေးရွာအားလုံး အသက် ၁၈ ပြည့်တဲ့သူတွေ လာရောက်စစ်မှုထမ်းဖို့ ကိုးကန့်တပ်မ‌တော်- MNDAA က ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA နဲ့ AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ဦး လက်နက်ချအလင်းဝင်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်

မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ တအာင်းတပ် – TNLA၊ ရခိုင်တပ် – AA နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် – MDY PDF တို့ တပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၆ဦး ကျော် လက်နက်ချအလင်းဝင်ခဲ့ဆိုပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲသံတွေကြောင့် အီနိုင်းရွာခံ အများစု တိမ်းရှောင်နေကြ

ကိုးကန့်တပ် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းကျေးရွာမှာ ပေါက်ကွဲသံတွေ နှစ်ရက်ဆက်တိုက် ကြားနေကြရတာကြောင့် ရွာခံအများစုက စိုက်ပျိုးခြံထဲသို့ ခေတ္တရှောင်နေကြရကြောင်း ရွာခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမှာ မြို့ခံတွေက သူခိုး ၂ ဦးကို ဝိုင်းဝန်းဖမ်းဆီး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မြို့ခံတွေက ရပ်ကွက်အတွင်း လိုက်ခိုးနေတဲ့ သူခိုး ၂ ဦးကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးရမိခဲ့ကြောင်း ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘီလင်းမြို့နယ်က တရုတ်တွေ လာရောက်လုပ်ကိုင်တဲ့ ရွှေမျောလုပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ရွှေမျောလုပ်ကိုင်သူ ၂ ဦးသေဆုံး

မွန်ပြည်နယ် ဘီလင်းမြို့နယ်က တရုတ်တွေ လာရောက်လုပ်ကိုင်တဲ့ ရွှေမျောလုပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ရွှေမျောလုပ်ကိုင်သူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ခိင်ထိုးလီပ်ကဲ အ်ုန်အီမိုႈ ဘဝ်ကီုက်ဒါင်းကဲ TNLA နီန် MNDAA ကဲ ပ္လေႈလေႈဘိုး ကောန်ဆီုက်တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ 100 အီး ခေဲင် 5 ကျံရ်နီန် ကဲပ္လေႈလေႈကောန်ဆီုက် ပ်ုန်ဘိူန်းတိုည်းကဲ 1 ဟြဲင်လေႈ

ကဝ်အီဒဲႈဆဒါင် အ်ုန်အီကဒံပ်တောပ် MNDAA ကဲ က္လာင်းတဖုင်ဆျှိုည်ဖီမျေဒါႈ တံပ်ကိုကာင် MNDAA ကဲ ပ္လေႈလေႈဘိုး ကောန်ဆီုက်ပ်ုန်ဘိူန်းတိုည်းကဲ လံမ်တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ 100 အီး အမှိူဝ်ကျံရ်မာချှ် ဆငည်း 18 ခေဲင်ကီုင်းလာဆေဝ်နီန်အောႏ။

ညီနောင်မဟာမိတ် TNLAကို ထိုးစစ်ဆင်နေစဉ် MNDAA က စစ်ကောင်စီစစ်သုံ့ပန်း ၁၀၀ ကျော် ထပ်လွှတ်ပေး၊ ၅ လအတွင်း ပြန်လွှတ်ပေးတဲ့ စစ်သုံ့ပန်း ၁ ထောင်ကျော်ရှိလာ

ကိုးကန့်တပ် – MNDAA က ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီစစ်သုံ့ပန်း ၁၀၀ ကျော်ကို မနေ့ မတ်လ ၁၈ ရက်မှာ လားရှိုးထဲပြန်လည်လွှတ်ပေးခဲ့တယ်လို့ MNDAA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ရွှေဖီ​မြေကို ပြောပါတယ်။

ကိုးကန့်တပ်ရဲ့ ဒရုန်းဗုံးကြဲမှုနဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ကွတ်ခိုင်မှာ ကလေး ၁ ဦးအပါအဝင် ဒေသခံ အနည်းဆုံး ၈ ဦးသေဆုံးခဲ့ပြီး ကလေး ၄ ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

ကွတ်ခိုင်တိုက်ပွဲအတွင်း ကိုးကန့်တပ်-MNDAA ရဲ့ ဒရုန်းဗုံးနဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးအပါအဝင် ဒေသခံအနည်းဆုံး ၈ ဦးသေဆုံးခဲ့ပြီး ကလေး ၄ ဦးအပါအဝင် ဒေသခံ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေစီက သိရပါတယ်။