ကိုးကန့်တပ်က လောက်ကိုင်မှာ ပြစ်မှုကျူးလွန်သူ ၄ဦးကို သေဒဏ်စီရင်၊ ၃ဦးကို ထောင်ဒဏ်ချမှတ်ခဲ့

‎ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လောက်ကိုင်မြို့မှာ ပြစ်မှုကျူးလွန်သူ အမျိုးသား ၇ ဦးထဲမှာမှ ၄ ဦးကို သေဒဏ်ပေးခဲ့ပြီး ကျန် ၃ ဦးကိုတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း တုံချိန်မှာနေထိုင်တဲ့ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကွတ်ခိုင် ကောင်းခါးရွာမှာ KIA အရာရှိသူတစ်ဦးက တပ်သားတစ်ဦးကို ပစ်သတ်၊ ကျူးလွန်သူကို အရေးယူဖို့ မိသားစုတွေ တောင်းဆို

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာမှာ ကချင်တပ်မတော်-KIA ရဲ့ အရာရှိတစ်ဦးက တပ်သားတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ အမည်မဖော်လို အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မှာ ပလပ်စတစ်အိတ် ကောက်ယူကြည့်ရာကနေ ပေါက်ကွဲပြီး အမျိုးသား တစ်ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းရပ်ကွက်(၅)မှာ ဒီနေ့ ဇွန် ၁၃ရက် မနက်ပိုင်းက လမ်းဘေးမှာ ပစ်ထားတဲ့ ပလပ်စတစ်အိတ်တစ်အိတ်ကို ကောက်ယူကြည့်ရာက ပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

KIO ကဲ ကဇောည်ရိူန်း ကနာည်လံပ်ႎီရ်ပျိူဝ်ႇယိူဝ်ႇ ရဝ်ကော်င်တံပ်ကဲ 550ဆဲန်

ဘိူန်းအယ်နံပ်တောပ်စြာင်း ကာ်မ်မတီ လံပ်ႎီရ်ပျိူဝ်ႇယိူဝ်ႇ ရဝ်ကော်င်တံပ်ကဲ မိုႈတဖုင်လံပ်လောတ်လာပ်ခါင် – KIO ကဲ ကဇောည်ဒဲႈရိူန်း ကနာည်လံပ်ႎီရ်ပျိူဝ်ႇယိူဝ်ႇ ရဝ်ကော်င်တံပ်နီန် 550ဆဲန်အောႏ။

UWSA and SSPP Donate 10 Million Kyats Each for Kaung Tat Village Rehabilitation

The United Wa State Army (UWSA) liaison office in Lashio and the Shan State Progress Party (SSPP) have donated 10 million kyats each to help affected local residents from Kaung Tat Village, Namhkam Township in northern Shan State rebuild and rehabilitate.

KIO က ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် သိန်း ၅၅၀ ကူညီလှူဒါန်း

ကချင်လွတ်လပ်ရေးအဖွဲ့- KIO က နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် သိန်း ၅၅၀ လှူဒါန်းခဲ့တယ်လို့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ စာရင်းအရ သိရပါတယ်။

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိပြီး အရပ်သားတစ်ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး ဒေသခံအမျိုးသားတစ်ယောက် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုက ဘာသာရေးဆရာ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းက ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၈ နှစ်အရွယ် ဘာသာရေးဆရာတစ်ဦး သေဆုံးခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဘေးသင့်တဲ့ ကောင်းတပ်ရွာခံတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် UWSA နဲ့ SSPP က သိန်း ၁၀၀ စီ လှူဒါန်း

ဘေးသင့်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာက ဒေသခံတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် လားရှိုးမြို့ရှိ “ဝ”ဆက်ဆံရေးရုံးနဲ့ ရှမ်းတပ် SSPP က သိန်း (၁၀၀) စီ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းကနေ ခင်ဦးဘက်ကို ကုန်သွားပို့တဲ့ အမျိုးသား ၂ ဦး အဆက်အသွယ်မရပဲ ပျောက်ဆုံးနေ

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ကနေ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဘက်ကို ကုန်သွားပို့တဲ့ အမျိုးသား ၂ ဦး တစ်ပတ်ကြာတဲ့အထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ ၎င်းတို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။