ရွှေဖီမြေ၊ ဇွန်လ ၅ ရက်၊ နမ့်ခမ်း
ရှမ်းမြောက် နမ့်ခမ်းမြို့နယ်ကနေ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဘက်ကို ကုန်သွားပို့တဲ့ အမျိုးသား ၂ ဦး တစ်ပတ်ကြာတဲ့အထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ ၎င်းတို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အသက် ၂၉ နှစ်အရွယ် ဇော်မင်းထက်နဲ့ အသက် ၃၀ အရွယ် သင်မင်းထွန်းဆိုသူတို့ဟာ နမ့်ခမ်းမြို့နယ်ကနေ ခင်ဦးဘက်ကို ကုန်သွားပို့ပြီး မေလ ၂၈ ရက်က နမ့်ခမ်းဘက်သို့ ပြန်လာစဥ် လမ်းမှာ ပျောက်ဆုံးသွားခဲ့တာလို့ ၎င်းတို့နဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သူတို့နှစ်ယောက်ကကျတော့ နမ့်ခမ်းကနေ ခင်ဦးလမ်းဆုံကို ကုန်သယ်သွားတယ်။ ခင်ဦးလမ်းဆုံရောက်တာနဲ့ သူတို့ကုန်ချတယ်။ ကုန်ချပြီး သူတို့နှစ်ယောက်က အရင်ပြန်မယ်ဆိုပြီးတော့ ဆိုင်ကယ်တစ်စီးယူပြီးတော့ နှစ်ယောက်တစ်စီး စီးပြန်တယ်”
မိသားစုဝင်တွေက မေလ ၂၈ ရက်နေ့လယ်မှာ အဲဒီအမျိုးသားနှစ်ဦးနဲ့ နောက်ဆုံးအဆက်အသွယ်ရခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မိသားစုဝင်တွေက စိတ်ပူနေတာကြောင့် ၎င်းအမျိုးသား ၂ ဦးကို တွေ့ရှိသူတွေအနေနဲ့ ဖုန်း 09 – 677 643 936 နဲ့ 09 – 422 016 463 ကို ဆက်သွယ်အကြောင်းကြားပေးဖို့ တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။