ရွှေဖီမြေ၊ ဩဂုတ် ၃၁ ရက်၊ မိုင်းတုန်
ရှမ်းအရှေ့ မိုင်းဆတ်ခရိုင် မိုင်းတုန်မြို့နယ် ပုံပါကျင်မြို့ထဲက မြန်မာ-ထိုင်းနယ်စပ်တစ်နေရာမှာ မက်သာဖက်တမင်း ၁၁ ထုပ် (ဆေးပြား ၂,၇၈၂,၀၀၀)ကို “ဝ”တပ်မတော် – UWSP/UWSA က သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးကို ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက် ညသန်းခေါင်ယံမှာ ဖမ်းဆီးရမိတာဖြစ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သူ ၁၀ ဦး ၁၅ ဦးခန့်ရှိတဲ့ မူးယစ်ဂိုဏ်းကို ရပ်တန့်ဖို့ ပြောဆိုရာမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ UWSP/UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ၎င်းရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ထိုင်းနိုင်ငံဘက် မူးယစ်ဆေးတွေကို ပို့ဆောင်ဖို့ စီစဉ်ထားပြီး အဲဒီမူးယစ်ဂိုဏ်းကလည်း ထိတ်လန့်မှုကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားခဲ့ကြောင်း ပြောဆိုထားပါတယ်။

UWSA ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကတော့ မူးယစ်ဂိုဏ်းကို ဖမ်းဆီးရမိဖို့ ဆက်လက် ကြိုးစားနေဆဲ ဖြစ်တယ်လို့ ဦးညီရန်းက သူ့ရဲ့ Facebook စာမျက်နှာရဲ့ ရေးသားချက်ထဲ ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။