ဓာတ်ပုံ – NR (Facebook)

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၅ ရက်

“ဝ” တပ်မတော် – UWSA က မြန်မာ-လာအို-ထိုင်း ၃ နိုင်ငံနဲ့ နယ်စပ်ချင်းနီးစပ်တဲ့ မိုင်းဆက်ခရိုင် မိုင်းတုံမြို့နယ်မှာ ၎င်းတို့ ဖမ်းဆီးရမိတဲ့ မြန်မာကျပ်ငွေ ၁၀ ဘီလျံခန့် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့တယ်လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ၎င်းရဲ့ လူမှုကွန်ယက်ပေါ်မှာ ဖော်ပြထားပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ UWSA ရဲ့ စစ်ဒေသ ၁၇၁ ဖြစ်တဲ့ မိုင်းတုံမြို့နယ်ထဲက လီဆူကျေးရွာတစ်ရွာနဲ့ နမ့်ဟူးခွန်ကျေးရွာတွေမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

လီဆူကျေးရွာတစ်ရွာအနီးမှာ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူ ၁၂၀.၇၅ ကီလိုဂရမ်ဟာ စစ်ကောင်စီတပ် ထုတ်ပြန်ဖူးတဲ့ ကာလတန်ဖိုးအရ ကျပ်ငွေ ၆၀,၃၇၅ သိန်းရှိပြီး နမ့်ဟူးခွန်ကျေးရွာအနီးမှာတော့ စစ်ကောင်စီရဲ့ ပူးပေါင်းမှုနဲ့ (ICE) လို့ လူသိများတဲ့ (Methamphetamine) ၄၉၄ ကီလိုဂရမ် ဖမ်းဆီးရမိကာ စစ်ကောင်စီထုတ်ပြန်ဖူးတဲ့ ကာလတန်ဖိုးအရကတော့ ကျပ်ငွေသိန်းပေါင်း ၃၇,၆၃၀ တန်ဖိုးရှိပါတယ်။

အဲဒီ ၉.၈ ဘီလျံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ ဦးအားပေ့နဲ့ ဦးယားပို့တို့နှစ်ဦးကို UWSA က စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့တွေနဲ့ ဆွေးနွေးပြီး အခမ်းအနားပြုလုပ်ကာ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

UWSA ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာလည်း တရုတ်သတင်းအချက်အလက်အပေါ် အခြေခံပြီး ၎င်းတို့ ဖမ်းဆီးရမိတဲ့ မြန်မာကျပ်ငွေ ၁၂ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ယုံဟော် (Yonghe) နယ်စပ်ဂိတ်ကနေတစ်ဆင့် တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။