ပုံ – CJ

မြတ်နိုး၊ ဇူလိုင် ၄၊ ကချင်ပြည်

ကချင်ပြည်နယ်၊ ဖီမော မြန်မာ-တရုတ်နယ်စပ်ဂိတ်မှာ ကချင်တပ်မတော်-KIA အရာရှိတစ်ဦးက အာဏာအလွဲသုံးကာ တာဝန်ကျ ဝန်ထမ်းတွေကို ကိုယ်ထိလက်ရောက်ပြုမူခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ KIA အရာရှိ တစ်ယောက်ဟာ ဖီမောနယ်စပ်ဂိတ်ကို ရောက်ရှိလာပြီး တရုတ်နိုင်ငံဘက်ကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ရာကနေ ပြဿနာစတင်ဖြစ်ပွါးခဲ့တာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲဒီအရာရှိက တရုတ်ဘက် ဝင်ဖို့လုပ်နေစဉ် လက်အောက်ငယ်သားတွေက တားမြစ်ခဲ့သလို နယ်စပ်ဂိတ်တာဝန်ကျဝန်ထမ်းတစ်ဦးကလည်း ဂိတ်ကို ယာယီပိတ်ထားကြောင်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဆိုပါအရာရှိက တာဝန်ကျဝန်ထမ်းကို ကိုယ်ထိလက်ရောက် ပြုမူခဲ့တာကြောင့် စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ဘဏ္ဍာရေးတာဝန်ကျ ဝန်ထမ်းတွေဟာ ယာယီရှောင်ထွက်ခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“အဲဒီမှာ တာဝန်ကျ အရာရှိတယောက်က ၁၂ နာရီ ထိုးသွားတာကြောင့် နယ်စပ်ဂိတ် ခဏယာယီ ပိတ်ထားတယ်လို့ ပြောလိုက်တာကို ဒူကဘာဂျာလီအောင်က အရက်အလွန်အကျွံမူးပြီး မင်း စစ်သားမဟုတ်ဘူးလား ဆိုပြီး ကန်တဲ့အပြင် လက်နဲ့ပိတ်ရိုက်လိုက်တာ” လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

နောက်ပိုင်း လက်ထောက်အုပ်ချုပ်ရေးအရာရှိ ရောက်လာပြီး ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ့် အချင်းများမှုတွေ ဆက်ဖြစ်ခဲ့ပြီး လက်နက်ထုတ်ပြတဲ့အထိ အခြေအနေတင်းမာခဲ့တယ်လို့လည်း သိရပါတယ်။

ညနေ ၃ နာရီ ၁၅ မိနစ်ခန့်မှာတော့ နယ်စပ်ဂိတ်တာဝန်ကျ အရာရှိနဲ့ ဝန်ထမ်းအချို့ကို ခေါ်ယူပြီး လူအများရှေ့မှာ ဒိုက် အကြိမ် ၅၀ ထိုးခိုင်းတာ၊ ပါး ၄ ချက် ရိုက်တာနဲ့ ပစ္စတိုသေနတ် ပစ်ဖောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ရဲ၊ လဝက၊ ဘဏ္ဍာရေး ဝန်ထမ်းတွေကို ဒိုက် အကြိမ် ၅၀ ထိုးခိုင်းပြီး ပါး ၄ ချက် ရိုက်တာပါ။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အဲအရာရှိဟာ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် တုန်းကလည်း လန်ဆယ်အရေးမှာ အဓိကတရားခံဖြစ်ပြီး လက်ရှိထိအရေးယူမှု တစုံတရာမှ မရှိတာကြောင့် တော်လှန်ရေးပုံရိပ်ကို များစွာထိခိုက်စေတယ်လို့ တော်လှန်ရေးနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဩဂုတ်လ ၂၉ ရက် ညနေ ၄ နာရီဝန်းကျင် လန်ဆယ်မြို့တွင်းရှိ (Lang Ze) စားသောက်ဆိုင်မှာ ဆိုင်လာထိုင်နေတဲ့ အခြားရဲဘော်ကိုလည်း စကားများရာကနေ ဝိုင်းရိုက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၅ ဇူလိုင်လတုန်းကလည်း အဲအရာရှိက လန်ဆယ်ဒေသရှိ ရွှေလုပ်ကွက်တွေမှာ ဒေသခံကို လုပ်ကိုင်ခွင့်ကို ပိတ်ထားခဲ့သလို ဒေသခံတွေရဲ့ မြေဧကာ ထောင်ချီကိုလည်း သိမ်းခဲ့တာကြောင့် ဒေသခံတွေက KIO ဗဟိုကို တိုင်ကြားစာ ပေးပို့ခံရဖူးပေမယ့် လက်ရှိအထိ အရေးယူနိုင်မရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိအချိန်အထိတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KIA ဘက်က တရားဝင်ထုတ်ပြန်ချက်၊ တုံ့ပြန်ရှင်းလင်းချက်တွေ မရှိသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

လားရှိုးမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ အလုပ်အကိုင်မရှိတဲ့ လူငယ်တွေကို လစာကောင်းပေးမယ်ဆိုပြီး စစ်မှုထမ်းကြဖို့ စစ်ကောင်စီ လိုက်လံစည်းရုံးနေ

ရှမ်းမြောက် လားရှိုးမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ အလုပ်အကိုင်မရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းကြဖို့ စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်အောက်ခံရဲတွေက လိုက်လံစည်းရုံးနေတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

မိုးမိတ်မှာ စစ်ကောင်စီတပ် တစ်ဖက်သတ် ပစ်ခတ်

ရှမ်းမြောက် မိုးမိတ်မြို့ပြင် ညောင်နီရွာမှာ စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ လက်နက်ငယ် အသုံးပြုပြီး တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ‌မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

ကွတ်ခိုင် မော်ဟန်ဂိတ်မှာ KIA နဲ့ MNDAA ပွတ်တိုက်မှု ထပ်မံဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ရွာက ကချင်တပ်မတော်- KIA ဂိတ်မှာ မနေ့ ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းက KIA နဲ့ MNDAA(ကိုးကန့်တပ်)တို့အကြား ပွတ်တိုက်မှု ထပ်မံ ဖြစ်ပွါးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

အင်းတော်ကြီး လုံးတုံရှိ SNA စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ လုံးတုံကျေးရွာအနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၁၇ ရက်မှာ ပြန်လည်သိမ်းပိုက်ခဲ့ပြီး လက်နက်၊ ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။