ဓာတ်ပုံ- CCDAC

ရွှေဖီမြေ၊ မတ်လ ၂၅ ရက်၊ တာချီလိတ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့နယ် အနောက်မြောက်ဘက်က မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု ကော့ရားရွာအနီးမှာ ကျပ် ၂၀ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က မနေ့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေကို တာချီလိတ်မြို့ ကော့ရားရွာအနီး မနေ့ မတ်လ ၂၄ ရက် ညနေ ၃ နာရီမှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲ WY စိတ်ကြွရူးသွပ်ဆေးပြား ၆၉ သိန်းပြား၊ စိတ်ကြွ ရူးသွပ်ဆေးပြားအကြေ ၂၀ ကီလိုဂရမ်စီပါ ခြောက်အိတ်၊ ပန်းရောင်စိတ်ကြွဆေးမှုန့် ၂၀ ကီလိုဂရမ်စီပါ ၁၅ အိတ်၊ အိုက်စ် ၁ ကီလို ဂရမ်စီပါ ၄၉ ထုပ်၊ ကဖင်း ၁၅ ကီလိုဂရမ်စီပါ ၄၆ အိတ်၊ ကဖင်း ၂၀ ကီလိုဂရမ်စီပါ အိတ် ၇၀ တို့ဖြစ်ပြီး တန်ဖိုးကတော့ ကျပ် ၂၀ ဒသမ ၂ ဘီလီယံခန့်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါး ချက်ရာမှာ အသုံးပြုတဲ့ အခြောက်ခံ စတီးဗန်း ၁၆ ဗန်း၊ မူးယစ်ဆေးဝါး မွှေစက်၊ အင်ဂျင်အသေး တွဲလျက်ပါ တစ်လုံး၊ ဂတ်စ်အိုး ၃၂ လုံး၊ မီးစက်အကြီး တစ်လုံး၊ မျောက်ခေါင်းတံဆိပ်အနံ့ဆေးရည် အလုံး ၂၀ စီပါ ၁၂ ဖာ၊ Promethazine တံဆိပ်ပါ ချောင်းဆိုးပျောက်ဆေး အလုံး ၂၅၀ ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဗင်နီလင်း ၄၀ ကီလိုဂရမ်စီပါ လေးအိတ်၊ ကြယ်တံဆိပ် Food Colour ဘူးသေး ၅၀၊ ကီလိုချိန် စက်အကြီး နှစ်ခု၊ စိတ်ကြွဆေးပြားထည့်တဲ့ ပလတ်စတစ် ကပ်ခွာအိတ်ငယ် ဆာလာအိတ် သုံးအိတ်၊ မှိုင်းကိုင်စက္ကူပါဆာလာအိတ် သုံးအိတ်၊ ဆေးပြားရိုက် မှိုတံဆိပ်မပါ ၂၀၃ ချောင်း၊ WY တံဆိပ်ပါဆေးပြား ရိုက်မှို ၂၀၄ ချောင်းနဲ့ Starlink Gen 3 တစ်လုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအနီးတစ်ဝိုက်မှာ မသင်္ကာဖွယ် မူးယစ်ဆေးဝါး ချက်လုပ်တဲ့နေရာ ရှိနိုင်သေးတာကြောင့် နယ်မြေဖော်ထုတ်ရှင်းလင်းရေးကို ဆက်လက်ဆောင်ရွက်သွားမယ်မှာဖြစ်တယ်လို့ CCDAC Myanmar ရဲ့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။