တာချီလိတ်မြို့နယ်မှာ ကျပ် ၂၀ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါး ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိ
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့နယ် အနောက်မြောက်ဘက်က မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု ကော့ရားရွာအနီးမှာ ကျပ် ၂၀ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က မနေ့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။