ပြင်ဦးလွင်မှာ ကားတစ်စီးက ဆိုင်ကယ်ကို ဝင်တိုက်လို့ ကလေးတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ၊ ကားသမား ထွက်ပြေးနေ

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဆိုင်ကယ်တစ်စီးကို ကားက ဝင်တိုက်ခဲ့တာကြောင့် ကလေးတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြင်ဦးလွင် ဓာတ်တော်ချိုင့် ရေတံခွန်မှာ အမျိုးသမီးငယ်တစ်ဦး ရေထဲပြုတ်ကျ သေဆုံး

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ အမျိုးသမီးငယ်တစ်ဦး ရေအိုင်ထဲ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်ကိုသိရတဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြင်ဦးလွင်မှာ မြို့သစ်စီမံကိန်းထဲပါတဲ့ ဆိုင်နဲ့ အိမ်ခန်းပေါင်း ၁၀၀ ကျော်ကို အစားထိုးနေရာ မပေးတဲ့အပြင် အတင်းအဓမ္မ ဖယ်ရှားခိုင်းလို့ ဒေသခံတွေ အခက်ကြုံ

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံရဲ့ ရတနာပုံ မြို့သစ်စီမံကိန်းထဲပါတဲ့ သုံးတောင်ရွာမှ ဆိုင်နဲ့ အိမ်ခန်းပေါင်း ၁၀၀ ကျော်ကို အစားထိုး နေရာမပေးတဲ့အပြင် အတင်းအဓမ္မ ဖယ်ရှားခိုင်းလို့ ဒေသခံတွေ အခက်ကြုံနေရကြောင်း ဈေးဆိုင်ခန်းငှားသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြင်ဦးလွင်မြို့ ဖက်ဆွတ်ကန်ထဲ ရေ ဆင်းကူးတဲ့ ကလေး ၃ ဦး ရေနစ်သေဆုံး

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ဖက်ဆွတ်ကန်ထဲ ရေ ဆင်းကူးတဲ့ ကလေး ၃ ဦး ရေနစ်သေဆုံးသွားကြောင်း ရပ်ကွက်နေ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြင်ဦးလွင်မှာ အမျိုးသမီးတစ်ဦး ဓားနဲ့ထိုးခံရလို့ သေဆုံး၊ အဖေဖြစ်သူနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရ

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို နေအိမ်ထဲအထိ ဝင်ရောက်ကာ ဓားနဲ့ထိုးတာကြောင့် သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးလည်း ဒဏ်ရာ ရခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြင်ဦးလွင်မှာ စိန်ရွှေဆိုင် ဓားပြတိုက်သူ ၁ ဦး ဖမ်းဆီးရမိ၊ အမျိုးသား ၂ ဦးကိုလည်း သံသယမှုနဲ့ ဖမ်းဆီးထား

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ သေနတ်ကိုင်တဲ့ အမျိုးသား ၂ ဦးက မြို့တွင်းရှိ စိန်ရွှေရတနာဆိုင်ကို ဓားပြတိုက်တာကြောင့် အမျိုးသား ၁ ဦးကိုတော့ ချက်ချင်း ဖမ်းဆီးရမိခဲ့ကြောင်း ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူ မြို့ခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြင်ဦးလွင်မှာ ခွင့်ပြုချက်မရဘဲ မြေကွက်ရောင်းဝယ်ဖောက်ကားသူတွေကို အရေးယူမယ်လိုဆို၊ စစ်တပ်နီးစပ်သူတွေကသာ ရောင်းချနေခြင်းဖြစ်

‎မန္တလေးတိုင်း ပြင်ဦးလွင်မြိုမှာ သက်ဆိုင်ရာက ခွင့်ပြုချက်မရဘဲ တရားမဝင် မြေကွက်ရောင်းဝယ်ဖောက်ကားသူတွေကို ထိထိရောက်ရောက်အရေးယူသွားမယ်လို ပြင်ဦးလွင် ခရိုင်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ဇီးပင်ကြီးဂိတ်မှာ ကားသမား ၅ ဦးနဲ့အတူ ကားနဲ့ကုန်ကိုပါ စစ်ကောင်စီက ဖမ်းဆီးထား

‎မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ မန္တလေးကြားရှိ ဇီးပင်ကြီးဂိတ်မှာ နောင်ချိုကနေ ဆင်းလာတဲ့ ကားသမား ၃ ဦးနဲ့ မန္တလေးကနေ တက်လာတဲ့ ကားသမား ၂ ဦးကို ဇီးပင်ကြီးဂိတ်ရှိ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြင်ဦးလွင်မြို့မှာ မီတာခ ပုံမှန်ထက် ၄ ဆ ပိုပေးနေရ

စစ်‌ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ မီတာခ ပုံမှန်ထက် ၄ဆ အထိ ပိုပေးနေရတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြင်ဦးလွင်ထဲ ဝင်လာသူတချို့ ဇီးပင်ကြီးဂိတ်မှာ မှတ်ပုံတင် ပေးထားခဲ့ရ၊ မပေးရင် ငွေ ၃ သောင်းပေးဖို့ စစ်ကောင်စီတပ်ပြော

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ထဲ ဝင်လာတဲ့ လူထုတချို့ကို စစ်ကောင်စီတပ်က ပြင်ဦးလွင်နဲ့ မန္တလေးကြားက ဇီးပင်ကြီးဂိတ်မှာ မှတ်ပုံတင်‌ ထားခိုင်းပြီး မထားရင် ငွေကျပ် ၃ သောင်း ပေးဆောင်ခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။