Browsing Tag
Lashio
319 posts
သိန္နီကနေ ကွတ်ခိုင်ဘက်တက်မယ့် ကုန်ကားအားလုံးကို သိန္နီမှာ ကိုးကန့်တပ်က ပိတ်ဆို့ထား၊ ကားတွေ နာရီနဲ့ချီ တန်းစီစောင့်ဆိုင်းရ
ဒီနေ့ မတ်လ ၇ ရက်ကစပြီး သိန္နီကနေ ကွတ်ခိုင်ဘက် ကုန်ကားတွေကို ပေးမဖြတ်တော့ဘဲ သိန္နီတိုးဂိတ်မှာ ကိုးကန့်တပ်- MNDAA က အကုန်လုံး ပိတ်ဆို့ထားပြီး ကားတွေလည်း နာရီနဲ့ချီ တန်းစီစောင့်ဆိုင်းနေရတယ်လို့ ကြုံတွေ့ခဲ့ရတဲ့ ကားသမားတွေက ပြောပါတယ်။
လားရှိုးမှာ သုံးရက်အတွင်း ကား ၃ စီးနဲ့ ဆိုင်ကယ် ၂ စီး ခိုးယူခံရပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိသေး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ သုံးရက်အတွင်း ကား ၃ စီးနဲ့ ဆိုင်ကယ် ၂ စီး ခိုးယူခံရပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့မှာ စက်သုံးဆီ အကန့်အသတ်နဲ့သာ ရောင်းချပေးနေပြီး လမ်းဘေးဆိုင်မှာ တစ်လီတာကို ၁ သောင်းခွဲအထိ ဈေးပေါက်နေ
ရှမ်းမြောက် လားရှိုးမြို့မှာ စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေပြီး လမ်းဘေးမှာ ဗူးအလိုက် ရောင်းချသူတွေ တစ်လီတာကို ၁ သောင်းခွဲကျပ်ဝန်းကျင်အထိ ရောင်းနေတယ်လို့ လားရှိုးဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
လားရှိူးမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ ထပ်မံတွေဆုံပြီးနောက် စစ်သုံ့ပန်း ၂၀၀ ကျော်ကို ကိုးကန့်တပ် ထပ်မံလွှတ်ပေး
ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော်-MNDAA တို့အကြား ထပ်မံတွေဆုံပြီးနောက် စစ်သုံ့ပန်း ၂၀၀ ကျော်ကို ကိုးကန့်တပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုး ကုန်စုံဆိုင်တစ်ခုကနေ သိန်း ၁ ထောင်နဲ့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီး ပြန်လွှတ်လာ၊ ပြန်ပေးဆွဲသူတွေဟာ တစ်ရပ်ကွက်ထဲသားတွေ ဖြစ်နေ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၅ က ကုန်စုံဆိုင်တစ်ခုကနေ ပြန်ပေးဆွဲခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦး ပြန်လွှတ်လာပြီလို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။