ဓာတ်ပုံ- Local

ဆုမွန်၊ မတ်လ ၇ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ သုံးရက်အတွင်း ကား ၃ စီးနဲ့ ဆိုင်ကယ် ၂ စီး ခိုးယူခံရပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ‌မတ်လ ၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက် ၅ ရှိ နေအိမ်အရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၃ ဦးက ခိုးယူသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မတ်လ ၃ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် ၁၁ က နေအိမ်တစ်အိမ်ထဲမှာလည်း ကား ၂ စီးနဲ့ ဆိုင်ကယ်တစ်စီး ခိုးယူခံရခဲ့တယ်လို့ ‌ဆိုပါတယ်။

“နေအိမ်ထဲမှာ ကားနှစ်စီးနဲ့ ဆိုင်ကယ်တစ်စီး ခိုးခံရတဲ့သတင်းက အခုချိန်ထိ ပျောက်နေတယ်။ လားရှိုးမှာ အတော်သောင်းကြမ်းနေတာ။ ဖမ်းမိတယ် မကြားပါဘူး။ သူတို့က အရေးယူတာထက် မိလည်း ငွေ ပေးရင် ပြန်လွှတ်တယ်။ ခိုးဆိုးလုယက်မှုက နေ့တိုင်းပဲ။ အရင်က ကိုးကန့်ရှိတဲ့အချိန် အဲလိုမလုပ်ရဲဘူး။ အခုက သူခိုး‌ရော ဘိန်းစားတွေ‌ရော များလာတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၂ ရက် လပြည့်နေ့မှာလည်း လားရှိုးမြို့မှာ ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီး ခိုးယူခံခဲ့ရတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးနောက် ဓားပြတိုက်မှုအပြင် လူသတ်မှု၊ ခိုးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လက်ရှိအချိန်ထိ အရေးယူနိုင်တာ မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၂၄ ရက်မှာလည်း လားရှိုးမြို့ ရပ်ကွက် ၅ ရှိ ကုန်စုံဆိုင်တစ်ခုမှာ အရပ်ဝတ်နဲ့ အမျိုးသား ၃ ဦးက ဆိုင်ထဲ ဝင်လာပြီး ဆိုင်ထဲက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ သိန်း ၁ ထောင်နဲ့ ပြန်ရွေးခိုင်းခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။