ဓာတ်ပုံ – Local

မိုင်းရူပ၊ မတ်လ ၁ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော်-MNDAA တို့အကြား ထပ်မံတွေဆုံပြီးနောက် စစ်သုံ့ပန်း ၂၀၀ ကျော်ကို ကိုးကန့်တပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၂၀၀ ကျော်ကို MNDAA ဘက်က မနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ လားရှိူးမြို့ လေယာဥ်ကွင်းအနီးကို လာရောက်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“မနေ့က ၂၀၀ ကျော် လွှတ်ပေးတယ်။ အဲထဲမှာ စစ်ကောင်စီဝန်ထမ်း၊ စစ်သားတွေလည်းပါတယ်။ လားရှိုး လေယာဥ်ကွင်းအနီးမှာ လာပို့ပေးတာ။ မိသားစုတွေ လာကြိုတာအများကြီးဘဲ။ ထပ်လွှတ်ပေးဖို့ ရှိသေးတယ်လို့ ကြားတယ်” လို့ လားရှိုးမြို့ခံ အမျိုးသာတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ လားရှိူးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီနဲ့ MNDAA တို့တွေ့ဆုံပြီးနောက် ကိုးကန့်တပ်ဘက်က ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အခု ပြတ်လွှတ်ပေးခဲ့တဲ့ စစ်သုံ့ပန်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်မှာ တကျောင်ပူဇော်ပွဲအထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ဦးကို MNDAA ဘက်က ပြန်လွှတ်ပေးမယ်ပြောခဲ့ပေမယ့် ၂၀၀ကျော်သာပြန်လွှတ်ပေးခဲ့ပြီး အခု ကျန်ရှိနေသူတွေကို ထပ်မံလွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလထဲမှာလည်း စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၂၀၀ ကျော်ကို ကိုးကန့်တပ်က လွှတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၅ ခုနှစ်ဇန်နဝါရီလကစပြီး ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်အကြား အပစ်ရပ်ထားတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။