လားရှိုးရှိ တရုတ်ကျောင်းတစ်ခုမှာ ကျောင်းသူတွေ ရည်းစားလုရင်း ကျောင်းသူတစ်ဦးကို အုပ်စုလိုက် အပြင်းအထန် ဝိုင်းဝန်းရိုက်နှက်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ တရုတ်စာသင်ကျောင်းမှာ ကျောင်းသူအချင်းချင်း ရည်းစားလုရင်း ကျောင်းသူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်လို့ တရုတ်ကျောင်းတက်တဲ့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။