Browsing Tag
Kyaukme
211 posts
စစ်ကြွင်းကျန်လက်နက် ကောက်ယူဖြုတ်ကြည့်ရာကနေ ပေါက်ကွဲပြီး ကျောက်မဲက အမျိုးသားတစ်ဦး သေဆုံး
ရှမ်းမြောက် ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာအုပ်စု ပန်ဟိုက်ကျေးရွာက အမျိုးသားတစ်ဦးဟာ စစ်ကြွင်းကျန် (RPG) လက်နက်အမျိုးအစားတစ်လုံးကို ကောက်ယူ ဖြုတ်ကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ ရှရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ဒီနေ့ မေလ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကျောက်မဲမြို့မှာ မီးကြိုးတွေ ဖြတ်ခိုးခံနေရ၊ သူခိုးတွေ များပြားလွန်းတာကြောင့် သက်ဆိုင်ရာက ဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတွေ တောင်းဆို
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ ညအချိန် မီးကြိုးတွေ ခိုးဖြတ်ခံနေရတာကြောင့် သူခိုးတွေကို သက်ဆိုင်ရာက ဖမ်းဆီးပေးဖို့ ဒေသခံတွေက လိုလားကြောင်း ကျောက်မဲမြို့ခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ကျောက်မဲမှာ SP(သတင်းရဲတပ်ဖွဲ့)ရဲမှူးက ဒေသခံတွေကို လက်နက်ကိုင်တွေနဲ့ ပတ်သက်တယ်ဆိုပြီး မကြာခဏလူဖမ်းပြီး ငွေညှစ်တောင်းနေ၊ အချို့ကို ငွေ ရာနဲ့ချီတောင်းပြီး ပြန်လွှတ်ပေး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ ကျောက်မဲမြို့နယ်က ဒေသခံ ၁၀ ဦး ထက်မနည်းကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ သတင်းရဲတပ်ဖွဲ့(SP)က ဖမ်းဆီးသွားပြီးတော့ ၁ ဦးကို ငွေ သိန်း ၂၀ ကနေ သိန်း ၁၀၀ အထိ တောင်းယူပြီး ပြန်လွှတ်ပေးတာလို့ ကျောက်မဲ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
SSPP နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပြီးနောက် စစ်တပ်က ပုံဝိုးရွာခံ အမျိုးသား ၅ ဦးကို ဖမ်းဆီးစစ်ဆေး
ရှမ်းမြောက် ကျောက်မဲမြို့နယ်ထဲ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP လှုပ်ရှားနယ်မြေဖြစ်တဲ့ ပုံဝိုးရွာအနီးမှာ SSPP နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ရွာခံအမျိုးသားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ SSPP က သတင်းထုတ်ပြန်ပါတယ်။