ဓာတ်ပုံ- SSPP, Google

ရွှေဖီမြေ၊ မတ်လ ၁၂ ရက်၊ ကျောက်မဲ

ရှမ်းမြောက် ကျောက်မဲမြို့နယ်ထဲ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP လှုပ်ရှားနယ်မြေဖြစ်တဲ့ ပုံဝိုးရွာအနီးမှာ SSPP နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ရွာခံအမျိုးသားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ SSPP က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ ၅၀၆)က တိုက်ပွဲ ဖြစ်တဲ့နေ့ မတ်လ ၁၀ ရက် ညနေပိုင်း ၅ နာရီ ၄၅ မိနစ်ခန့်မှာ ရွာခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲဒီရွာခံတွေကို ဖမ်းဆီးပြီး နောက်ကျောကို ဓားနဲ့လှီးဖြတ်ကာ စစ်ဆေးတာ ရှိတယ်လို့ SSPP က ဒေသခံရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြထားပေမဲ့ ဖမ်းဆီးခံရသူရဲ့ နာမည်စာရင်းတွေကို ဖော်ပြထားခြင်း မရှိပါဘူး။

Hsan Loi Voice ဆိုတဲ့ Facebook စာမျက်နှာမှာ ဖော်ပြချက်အရ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူ ၄ ဦးရှိပြီး ၎င်းတို့ဟာ အသက် ၂၂ နှစ်အရွယ် စိုင်းမော့၊ ၂၅ နှစ်အရွယ် စိုင်းမိန်းဟန်၊ ၄၄ နှစ်အရွယ် လုံထွန်းဟန်နဲ့ ၂၄ နှစ်အရွယ် စိုင်းထွန်းတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနကတော့ ဖမ်းဆီးခံရသူ ၁၀ ဦးအထိ ရှိခဲ့ပြီး ၅ ဦး ပြန်လွတ်မြောက်ကာ ၅ ဦးကို စစ်တပ်က ဆပ်လက် ဖမ်းဆီးထားတယ်လို့ ဒေသခံတစ်ဦးကို ကိုးကားပြီး သတင်းဖော်ပြထားပါတယ်။

ရွှေဖီမြေအနေနဲ့ ဖမ်းဆီးခံရသူတွေရဲ့စာရင်းနဲ့ အသေးစိတ် အချက်အလက်ကို ရရှိနိုင်ဖို့ ဒေသခံတွေကို ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။