ရွှေဖီမြေ၊ ဧပြီ ၂၀ ရက်၊ ကျောက်မဲ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ ကျောက်မဲမြို့နယ်က ဒေသခံ ၁၀ ဦး ထက်မနည်းကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ သတင်းရဲတပ်ဖွဲ့(SP)က ဖမ်းဆီးသွားပြီးတော့ ၁ ဦးကို ငွေ သိန်း ၂၀ ကနေ သိန်း ၁၀၀ အထိ တောင်းယူပြီး ပြန်လွှတ်ပေးတာလို့ ကျောက်မဲ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အရင်က TNLA ထိန်းချုပ်ထားတဲ့ ကာလအတွင်းမှာ ၎င်းတို့နဲ့ပတ်သက်မှုရှိတယ်ဆိုပြီး အကြောင်းအမျိုးမျိုးပြကာ ဒေသခံတွေကို မထင်ရင်မထင်သလို ဖမ်းဆီး ခြိမ်းခြောက် ငွေတောင်းခံနေတာလို့ ဆိုပါတယ်။

“အဲဖြစ်စဉ်အကုန်လုံးကို SP ရဲမူးမင်းမင်းကဘဲ ဦးဆောင်ပြီးလုပ်တာ။ ပြည်သူတွေကို သူတို့စိတ်မထင်ရင် မထင်သလိုခေါ်ယူပြီး စစ်ဆေးတာ။ ငွေယူပြီးရင်တော့ပြန်လွတ်ပေးတယ်။ ပြည်သူတွေက ဘယ်လက်နက်ကိုင် အဖွဲ့အစည်းဘဲဖြစ်ဖြစ် အကူအညီတောင်းလာရင် လုပ်ပေးရတာဘဲ” လို့ ပြောပါတယ်။

ဒေသခံတွေကို ဖမ်းဆီး စစ်ဆေးမေးမြန်းတဲ့အတောအတွင်းမှာလည်း ရိုက်နှက်နှိပ်စက်တာတွေလည်း ပြုလုပ်တယ်လို့ အထပ်သူက ပြောပါတယ်။

“သူတို့ဖမ်းသွားတဲ့ ဒေသခံတွေလည်း ၁၀ ဦး ထက်မနည်းဘူး။ ပေးရတဲ့ ပိုက်ဆံက တစ်‌ယောက်ကို ၂၀၊ ၃၀၊ ၅၀ တချို့တွေက ၁၀၀ လောက်ထိကို ကုန်တယ်။ အဖမ်းခံရတဲ့သူ အများစုကတော့အမျိုးသားတွေဘဲ အမျိုးသမီးက အနည်းစုလောက်ဘဲပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သူအများစုဟာ ပန်ပေါင်းရွာ၊ တိလင်ရွာနဲ့ ရပ်ကွက် ၉ မှာ နေထိုင်တဲ့ ဒေသခံတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

SP ရဲမူး ကိုမင်းမင်းဆိုသူဟာ ဒေသခံပြည်သူတွေကို ကြောက်လန့်‌အောင် ခြိမ်းခြောက်ပြောဆိုနေတာကြောင့် ကျောက်မဲမြို့နယ်က တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူဖြေရှင်းပေးကြဖို့ ဒေသခံတွေက တောင်းဆိုထားကြပါတယ်။

အလားတူ စစ်တပ်ပြန်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အပြင် သီပေါနဲ့ နောင်ချိုမြို့မှာလည်း စစ်ကောင်စီတပ်က နေအိမ်တွေကို ချိတ်ပိတ်ပြီး အခုလို မြို့ခံတချို့ ဖမ်းဆီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ တအာင်းတပ်-TNLAဆီကနေ ပြန်လည်သိမ်းယူခဲ့တာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။