ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်စံကျေးရွာအုပ်စုဟာ လက်ဖက်စိုက်ပျိုးရေးကို အဓိက အားထားပြီးတော့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ လက်ဖက်အစို တစ်ပိဿာကို ၂,၂၀၀ ကျပ်ဝန်းကျင်သာ ရရှိနေပြီး အရင်နှစ်တွေက ၅ ထောင်နီးပါးအထိ ရရှိခဲ့တဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်ကျော် ကျဆင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ဖက်ဈေး ကျဆင်းလာတဲ့အချိန်မှာပဲ ဆန်၊ ဆီနဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေကတော့ ဆက်တိုက် မြင့်တက်လာတာကြောင့် ကျေးလက်မိသားစုတွေရဲ့ စားဝတ်နေရေးဟာ ပိုမိုခက်ခဲလာနေပါတယ်။

အထူးသဖြင့် မိသားစု စားဝတ်နေရေးကို ဦးဆောင်စီမံနေရတဲ့ အမျိုးသမီးတွေအတွက် ဝင်ငွေနဲ့ ထွက်ငွေ မမျှတော့ဘဲ နေ့စဉ်ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ဖြတ်သန်းနေကြရပါတယ်။

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အတူယှဉ်တွဲ နေထိုင်ရေးကို ဦးဆောင်နေတဲ့ အမျိုးသမီး ရွာသူကြီး

ဖိုဝါဒ ကြီးစိုးတဲ့ ဒီလို ကျေးလက်ဒေသမှာ အမျိုးသမီးတွေကို ရွာသူကြီးအဖြစ် ခန့်အပ်တာဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ကိုယ်ဝန်သည်၊ ကလေးငယ်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်မှု အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ဒဏ် မိုင်းဒဏ် သင့်သူ အမျိုးသမီး

စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မြအောင် ဖြစ်ပါတယ်။

ဆရာဆရာမ မရှိတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ လီဆူကလေးငယ်တွေ

ဝေးလံခေါင်သီပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နမ့်ကျိုးကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ပြီး အိမ်ခြေ ၃၀ ဝန်းကျင် ရှိပါတယ်။