KNU နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ခဲ့တဲ့ မောတောင်မြို့ကို စစ်ကောင်စီတပ် ပြန်သိမ်း

ကရင်အမျိုးသားအစည်းအရုံး- KNU နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

ကွတ်ခိုင်တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို MNDAA က လျော်ကြေး ပေးမယ်လို့ ပြောဆိုထားပေမဲ့ ၂ လကျော် ကြာတဲ့အထိ မပေးသေး

တအာင်းတပ်- TNLA ထိန်းချုပ်ခဲ့တဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်- MNDAA က တိုက်ခိုက်ချိန် ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို လျော်ကြေး ပေးမယ်လို့ ပြောဆိုထားပေမဲ့ လာပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆို အနောက်ခြမ်းမှာ ၅ နှစ်အောက် ကလေးငယ်တွေ ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေ

ကရင်နီပြည် ဒီးမော့ဆို အနောက်ခြမ်းက ၅ နှစ်အောက် ကလေးငယ်တွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရတယ်လို့ ကယန်းအမျိုးသား ကျန်းမာရေးကော်မတီမှ တာဝန်ရှိသူ ဘယ်နဒဲတာက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မှာ စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ နေအိမ် ဖောက်ထွင်းတာတာအပြင် နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ မူဆယ်က အမျိုးသား ၁ ဦး အလောင်းသာ ပြန်တွေ့

ရှမ်းမြောက် မူဆယ်မြို့မှာ ပျောက်ဆုံးနေတဲ့ အမျိုးသား ၁ ဦးဟာ ၄ ရက်အကြာမှာတော့ အလောင်းသာ တွေ့ရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိထားသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ချင်းကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို စစ်ကောင်စီတပ်နဲ့ ZRA ထိန်းချုပ်၊ မြို့ပြင်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်

ချင်းပြည်နယ် တွန်းဇံမြို့ကို စစ်ကောင်စီတပ်နဲ့ ဇိုမီးတော်လှန်ရေးတပ်- ZRA ပူးပေါင်းတပ်က လေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုးပြီး ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ရေး အောင်မြင်မှု နောက်ကွယ်မှာ ပေးဆပ်ခဲ့တဲ့ အမျိုးသမီးတွေ

ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အကြီးမားဆုံး စစ်ရေး အောင်မြင်မှုလို့ သတ်မှတ်နိုင်ပါတယ်။

အစုလိုက် အပြုံလိုက် ရုတ်တရက် သေဆုံးတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို မစားသုံးကြဖို့ THC တိုက်တွန်း

အစုလိုက် အပြုံလိုက် သေဆုံးတဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကြက် ဝက်တွေကို မစားသုံးကြဘဲ နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ကြဖို့ တအာင်းပြည် ကျန်းမာရေးကောင်စီ- THC က တိုက်တွန်းထားပါတယ်။

PDF တပ်ဖွဲ့ဝင် ၃၀၀ ကျော် ထပ်မံ အလင်းဝင်လာကြောင်း စစ်ကောင်စီ ဝါဒဖြန့်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF ရဲ့ တပ်ဖွဲ့ဝင် ၃၀၀ ကျော် ထပ်မံ အလင်းဝင်လာကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေက ဒီနေ့ မေလ ၁၉ ရက်မှာ ဖော်ပြလာကြပါတယ်။

နောင်ချို အုမ္မသီးရွာခံ အမျိုးသားတစ်ဦး မိုင်း ခုတ်မိရာကနေ ပေါက်ကွဲလို့ ခြေထောက်တစ်ဖက် ပြတ်

‎ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မသီးရွာက အမျိုးသားတစ်ဦးဟာ မြေမြှုပ်မိုင်းတစ်လုံး ခုတ်မိရာ ပေါက်ကွဲပြီး ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း ဖြစ်စဉ်သိရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။