တရုတ်အမျိုးသားနဲ့ မလေးရှားလိုက်သွားတဲ့ ကွတ်ခိုင်အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးနေ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မန်ဂျတ်ကျေးရွာမှာ နေထိုင်တဲ့ လွေးအမ်အွန်ဆိုသူဟာ ချစ်သူရည်းစားဖြစ်တဲ့ တရုတ်အမျိုးသားနဲ့ မလေးရှားသို့ လိုက်သွားရာကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ သူမရဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသမီးတစ်ဦးဆီကနေ သိရပါတယ်။

“ဝ”ဒေသထဲမှာ ဖမ်းမိတဲ့ ကျားဖျန့်လုပ်ကိုင်သူ ၇၈ ဦးကို တရုတ်ထံ ထပ်မံအပ်နှံ

“ဝ” တပ်မတော် – UWSA ထိန်းချုပ်ဒေသထဲမှာ ဖမ်းဆီးရမိတဲ့ ကျားဖျန့် (အွန်လိုင်းငွေလိမ်လည်မှု) လုပ်ကိုင်သူ ၇၈ ဦးကို တရုတ်ထံ ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ “ဝ” ပြည်တရားစီရင်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကောင်းတပ်ရွာ ပြန်လည်ထူထောင်နိုင်ရေးအတွက် မွန်တပ်၊ ကိုးကန့်တပ်နဲ့ မိုင်းလားအဖွဲ့တို့လည်း ငွေနဲ့ ဆေးဝါးတွေ ပါဝင်လှူဒါန်း

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်နိုင်ရေးအတွက် မွန်တပ် (NMSP – AD/RMA) က သိန်း (၃၀၀) ပါဝင်ကူညီလှူဒါန်းပေးခဲ့သလို ကိုးကန့်တပ် – MNDAA အပါအဝင် မိုင်းလားကျန်းမာရေးကော်မတီလည်း လိုအပ်တဲ့ ဆေးဝါးနဲ့ အထောက်အပံ့ပစ္စည်းတွေ လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။

မူဆယ်မှာ ဓားပြတိုက် လုယက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် လုံခြုံမှု မရှိဘူးလို့ ဒေသခံတွေပြော

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့မှာ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်နေပြီး မြို့တွင်းနေထိုင်သွားလာသူတွေအဖို့ လုံခြုံမှုမရှိဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

CDF ဇိုဖေဌာနချုပ် လေကြောင်းဗုံးကြဲခံရပြီး ကျန်မာရေးဌာနမှ အတွင်းရေးမှူး ကျဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ CDF-Zophei ဌာနချုပ်ကို ဒီနေ့ ဇွန်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေတဆင့် ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဌာနမှ အတွင်းရေးမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

နမ့်တောင်းက တောင်သူ ၆ ဦးရဲ့ မြေယာဧက ၂၀ ကို ကိုးကန့်တပ်က အဓမ္မသိမ်းယူ

ရှမ်းမြောက် မူဆယ်မြို့နယ် ပန်ဆိုင်း (ကြူကုတ်) မြို့ နမ့်တောင်းကျေးရွာက တောင်သူ ၆ ဦးပိုင်ဆိုင်တဲ့ စိုက်ခင်းမြေ ဧက ၂၀ ခန့်ကို ကိုးကန့်တပ် MNDAA ဘက်က အဓမ္မသိမ်းယူထားပြီး တရုတ်ကုမ္ပဏီတခုကို ကော်ဖီစိုက်ပျိုးဖို့ နေရာချပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မှာ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ အဖွဲ့တွေက လက်နက်ကိုင်ဆောင်ကာ နေအိမ်တွေထဲအထိ ဓားပြတိုက်တာ ဆက်တိုက်လုပ်ဆောင်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းနဲ့ မှော်စီစာကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဆက်စပ်အဖွဲ့ဝင်တွေက ပြည်သူတွေအပေါ် ဓားပြတိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေပြီး နေအိမ်အတွင်းအထိ ဝင်ရောက်ကာ သေနတ်ထောက် လုယက်တာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေကို မန္တလေး PDF မှ ပထမဆုံးအကြိမ် ဂုဏ်ပြုချီးမြင့်ပွဲ ကျင်းပပြုလုပ်

တော်လှန်ရေးကာလအတွင်း ရဲစွမ်းသတ္တိအပြည့်နဲ့ တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါတွေကို စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က မနေ့ ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇနီးဖြစ်သူကို သတ်ဖြတ်တာအပြင် အိမ်နီးချင်း ၃ ဦးကိုပါ တိုက်ခိုက်ခဲ့တဲ့ အမျိုးသားကို “ဝ” တပ်က ဖမ်းဆီးအရေးယူ

“ဝ” ဒေသ ပန်ဆန်းမြို့နယ် နလော့ကျေးရွာအုပ်စု ယုံပန်းကျေးရွာမှာ ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး အိမ်နီးချင်း ၃ ဦးကိုပါ တိုက်ခိုက်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ “ဝ” ပြည်တရားစီရင်ရေးကော်မတီက မနေ့ ဇွန် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး- ရွှေကူလမ်းအားလုံး ရက်အကန့်အသတ်မရှိ ပိတ်၊ ဒေသခံတွေကို မြို့ပေါ်ကနေ ထွက်ခွါဖို့ KIA သတိပေး

ကချင်ပြည်နယ် ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ အသုံးပြု သွားလာခွင့် ပိတ်လိုက်ပြီဖြစ်ကြောင်း ကချင်တပ် KIA က ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်မှာ စာထုတ်ပြန်ထားပါတယ်။