ဝတ်ရည်၊ ဇွန်လ ၁၀ ရက်၊ ရွှေကူ

ကချင်ပြည်နယ် ရွှေကူမြို့အဝင် လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ အသုံးပြု သွားလာခွင့် ပိတ်လိုက်ပြီဖြစ်ကြောင်း ကချင်တပ် KIA က ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်မှာ စာထုတ်ပြန်ထားပါတယ်။

ရွှေကူမြို့ပေါ်မှာရှိတဲ့ ဒေသခံအားလုံးလည်း မြို့ပေါ်ကနေ ထွက်ခွါဖို့ သတိပေးထားသလို တော်လှန်-လမ်းကူး- စီသာ- မိုးကင့်နဲ့ စီဖွားလမ်းပိုင်းကိုသာ အသုံးပြု သွားလာကြဖို့ကို ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒေသခံတစ်ဦးပြောတာက “မြို့ပေါ်ကနေ မထွက်ပဲ နေလို့ တိုက်ပွဲဖြစ်ရင် ဒုက္ခရောက်ကြမှာ။ တချို့ကျ တခြားနယ်မှာ သွားဖို့ ငွေကြေးအဆင်မပြေတာတွေ ရှိတယ်လေ။ ငွေကြေးအဆင်ပြေတဲ့သူတွေတော့ စာထုတ်ပြန်တဲ့နေ့ကတည်း ပြောင်းကုန်ကြပြီလေ” လို့ ပြောပါတယ်။

ဒါ့အပြင် ကန့်သတ်ပိတ်ပင်ထားတဲ့ လမ်းပိုင်းကို အသုံးပြု သွားလာတဲ့ ဒေသခံတွေနဲ့ မြို့ပေါ်ကနေ မထွက်ခွါပဲ ကျန်ရှိနေတဲ့ ဒေသခံတွေအနေနဲ့ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာကို KIA က လုံးဝတာဝန်မယူကြောင်းကိုလည်း ထုတ်ပြန်ချက်ထဲ ဆက်လက်ဖော်ပြထားပါတယ်။

“စစ်တပ်ဘက်က ဖားကန့် မရှီကထောင်ဘက်မှာလည်း အင်အားတွေ ဆက်တိုက်ဖြည့်နေတာ။ ရခိုင်ကုန်းဘက်မှာလည်း ဖြည့်တယ်။ မိုင်းခွဲတာတွေတော့ နေ့တိုင်းရှိတယ်။ တိုက်ပွဲက ပြန်ပြင်းထန်လာနိုင်တဲ့ အခြေအနေတော့ ရှိတယ်လို့ ပြောရမှာပေါ့။ စစ်ရေးသတိရှိကြဖို့လည်း လိုပါတယ်” ဆိုပြီး အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

လက်ရှိမှာ မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခြင်းမရှိသေးပေမဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းရန်ကို အထူးဂရုစိုက် နေထိုင်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဖားကန့်- ကာမိုင်းလမ်းကိုလည်း ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က စစ်တပ်နဲ့ တော်လှန်းရေးပူးပေါင်းတပ်တွေအကြားမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွါးခဲ့တာကြောင့် ပိတ်ထားရာကနေ ပြီးခဲ့တဲ့ မေလ ၂၇ ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။