ပြင်ပနိုင်ငံကနေ ဝင်ရောက်လာတဲ့ တရုတ်ကျားဖျန့် ၇၂ ဦးကို “ဝ”တပ်က ဖမ်းဆီးပြီး တရုတ်ထံ ထပ်မံလွှဲပြောင်းပေး၊ တရုတ်ထံ လွှဲပြောင်းပေးတဲ့ ကျားဖျန့် ၅၀၀ ကျော်ရှိလာ
“ဝ” ဒေသအတွင်းမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖျန့်) လုပ်ကိုင်သူ တရုတ်နိုင်ငံသား စုစုပေါင်း ၇၂ ဦးကို “ဝ” ပြည်တရားရေးကော်မတီးက ဖမ်းဆီးပြီး ဆက်စပ်ပစ္စည်းတွေနဲ့အတူ တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ၎င်းတို့ ထုတ်ပြန်ချက်အရ သိရပါတယ်။