ရွှေဖီမြေ၊ ဩဂုတ် ၂၅ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ကျားဖြန်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ ကျားဖြန်ရုံတစ်ခုဟာ ဒီနေ့ ဩဂုတ်လ ၂၅ ရက် မနက် ၈ နာရီခွဲမှာ ထရန်စဖော်မာကနေတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မနက် ၈ နာရီခွဲကျော်ကတည်းက စလောင်တာထင်တယ်။ ဘယ်ကနေ စလောင်တာလဲတော့ မသိရသေးဘူး။ ထရန်စဖော်မာကနေ မီးကူးစက်လောင်ခဲ့တာပဲ သိတယ်။ အဲဒီ ဧက ၄၀ က လူဝင်ဝင်ထွက်ထွက်လုပ်လို့ မရဘူး။ ဧက ၄၀ ဘက်ဆို တရုတ်တွေ နေတာများတယ်လေ။ အလုံပိတ်ထားတာ။ အဲမှာက ကျားဖြန်၊ ဂိမ်းဆိုင်တွေ ရှိတယ်။
မီးလောင်မှု ဖြစ်ပွားတဲ့နေရာကို မီးသတ်တပ်ဖွဲ့က လာရောက် ငြိမ်းသတ်ပေးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ သေချာမသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်ကလည်း မူဆယ်မြို့ ဆင်ဖြူပေါက်အနီးမှာရှိတဲ့ နဂါးနှစ်ကောင် KTV ဆိုင်တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။