ကျောင်းမတက်ချင်လို့ ပျောက်ဆုံးသွားတဲ့ မန်တုံမြို့ရှိ အလင်းသစ်ပညာရေးဘော်ဒါဆောင်က ကျောင်းသား ၃ဦး ပြန်တွေ့

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့ အလင်းသစ်ပညာရေးဘော်ဒါဆောင်က ကျောင်းသား ၃ ဦးကို ၅ ရက်ကြာတဲ့အထိ ပျောက်ဆုံးခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်မှာတော့ ဘော်ဒါဆောင်ပြန်ရောက်ရှိလာတာ ဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးမိတ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို တာဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီ အသင့်ပြင်ထားခိုင်း

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ စစ်ကောင်စီတပ် ပြန်ရခဲ့တဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာ တာဝန်ထမ်းဆောင်မယ့် ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ကောင်စီဘက်က အသင့်ပြင်ထားခိုင်းတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

တာဘြောင်ဇံင်က္လာင်းတတိုအီးခေဲင်အရာပ်ကဲ ကနာည်နှာင်းအာဝ်တောပ်ဒေ တိုည်းတိုအီးဘြား၊ တိုအီးစိုန်ကဲ

ကောန်အီမာည်း ကဝ်အီဂေါည်ခေဲင်အရာပ်ဒီန်အူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ တာဘြောင်ဇံင် ကီုင်းဆဘော ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈဒီပ်ုန်ထိင်ခြဲအူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲနီန် နှဲဖါ်ႈလာ်ဒါလံပ်ကတ်ုမ် က္လာင်းကနာည်နှာင်းတိုအီးခေဲင်အရာပ်ကဲ အာဝ်တောပ်ဒေတိုည်း တိုအီးဘြားကဲကာည်း တိုအီးစိုန်ကဲနီန်အောႏ။

ပေါက်နယ် ကုက္ကိုစုကျေးရွာမှာ PDF တပ်ဖွဲ့ ဝင်တွေ အပါအဝင် အရပ်သား ၁၁ ဦး သတ်ဖြတ်ခံထားရ

မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုစုကျေးရွာမှာ PDF တပ်ဖွဲ့ဝင်တွေအပါအဝင် အရပ်သား ၁၁ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ မကွေးတိုင်း ပကဖက မနေ့ ဇူလိုင် ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သူခိုး၊ဓားပြတွေကို လိုက်လံမဖမ်းကြဖို့ သီပေါအုပ်ချုပ်ရေးမှူးက ဒေသခံတွေကို ပြော

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့က အုပ်ချုပ်ရေးမှူးဟာ လုံခြုံရေးအကြောင်းပြပြီး ဒေသခံတွေအနေနဲ့ သူခိုး၊ဓားပြတွေ မဖမ်းဆီးဖို့ ပြောဆ်ိုနေတယ်လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကလေးမြို့မှာ ဆိုင်ကယ်လုယက်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်သား ၃ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆိုင်ကယ်လုယက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ထောက်ပို့တပ်ရင်းက တပ်သား ၃ ဦးကို ရပ်ကွက်လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရေကြည်မြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုကို AA ထပ်မံသိမ်းပိုက်နိုင်ခဲ့

ရွှေဖီမြေ၊ ဇူလိုင် ၅ ရက်၊ ရေကြည် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်မှာရှိတဲ့ ရေကြည်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ တပ်စခန်း ၂ ခုကို…

နောင်ချိုမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်

ရှမ်းမြောက် နောင်ချိုမြို့နယ် ယာပြင်ကျေးရွာက အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။