နမ္မတူမြို့မှာ နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေတွေ ပါသွား

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ ရပ်ကွက်(၂)ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေနဲ့ငွေသားတွေ ပါသွားတယ်လို့ အိမ်ရှင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

UWSA ဒုဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံ

ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဆိုပြီး နေပြည်တော်ကို ရောက်နေတဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

မန်စပ်ရွာမှာ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံး

ပပ၊ ဩဂုတ် ၅ ရက်၊ နမ့်ခမ်း ‎ရှမ်းမြောက် နမ့်ခမ်းမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦး ရေကူးရင်း…

ဂေါႇမိုႈအိုမ်ဒါင်းပနံမ့်ပေါ်င် စီပဲန်လိုင်းငှေါအီး ဟည်လူလှေဲဝ်ႏဟာဝ်းဖါ်ႈ အိုမ်မာ်လီပ်ဟာဝ်းဒိုႇ ခေဲင်ဂါင်ဂေါည်အီး

ဘိူန်းအယ်နံပ်တောပ်ပ်ုန်က္လာင်း ကောန်အီပ်ုန် ကဝ်အီဂေါည်ခေဲင်အရာပ်ဒီန်အူအီးဒါႈ ဂေါႇမိုႈအိုမ်ဒါင်းပနံမ့်ပေါ်င် လှံင်လာဆေဝ် ကပီုန်ဆျှံမ်ကဒါႇပိူည် စီပဲန်အိုမ်ပ္လေါင်ဟည်ဟိုက်ဒေဲႈဖါ်ႈ လီပ်ဟာဝ်းဒိုႇ ခေဲင်ဂါင်ဂေါည်အီးကာည်း ခေဲင်ဂီုင်အီးအောႏ။

စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် မြိုင်မြို့နယ်ထဲက နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီး

မကွေးတိုင်း မြိုင်မြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ရက်နှစ်ဆယ်ကျော်အတွင်း ဒေသခံတွေရဲ့ နေအိမ် ၂၀၂ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်က မနေ့ ဩဂုတ် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားကို ဆက်တိုက် ဖမ်းဆီးပြီး မိုင်းလားတပ်ထံ တရုတ်က ပို့နေ၊ အယောက်ပေါင်း ၃ ထောင်ကျော် ရှိပြီလို့ဆို

အမျိုးသားဒီမိုကရေတစ် မဟာမိတ်တပ်မတော်ခေါ် မိုင်းလားတပ်မတော်- NDAA ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ မိုင်းလားမြို့ကနေ တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ ဆက်တိုက် ဖမ်းဆီးခံနေရတယ်လို့ အလုပ်သမားတွေကို ကူညီပေးသူတွေက ပြောပါတယ်။

‎ဒေါနအရှေ့ခြမ်းမှာ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး KNU ချေမှုန်းနိုင်ခဲ့

ကရင်ပြည်နယ် ဒူးပလာယာခရိုင် ဒေါနအရှေ့ခြမ်းရှိ KNLA တပ်မဟာ(၆) နယ်မြေထဲ ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်တပ်မတော်- KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် လားရှိုး ရောက်လာ၊ မြို့အဝင်အထွက်မှာ တောင်းနေတဲ့ ဂိတ်ကြေး လျှော့ပေးဖို့ ဒေသခံတွေ တောင်းဆို

စစ်ကောင်စီရဲ့ လွှတ်တော်ကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ဦးဆောင်တဲ့အဖွဲ့က လားရှိုးမြို့ကို ရောက်ရှိနေကြောင်း ရွှေဖီမြေရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သံတွဲမြို့နယ်ထဲ လေကြောင်းကနေ ဗုံးအလုံး ၆၀ နီးပါး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာရပြီး သိန်း ၃ ထောင်ကျော် ပျက်စီးဆုံးရှုံး

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ် ငပလီမြို့ ဂျီတ္တော ၉ ရပ်ကွက်ထဲ မနေ့ ဩဂုတ် ၃ ရက် မနက် ၁၀ နာရီခွဲကစပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ Y-12 ၁ စီး အသုံးပြုပြီး ဗုံးအလုံးရေ ၆၀ နီးပါး ဆက်တိုက် ကြဲချတိုက်ခိုက်သွားခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

Junta pushes 2008 Constitution in talks with UWSA delegation

The military junta announced that talks between its peace negotiation body and a delegation from the United Wa State Army (UWSA) are currently underway in Nay Pyi Taw.