ဓာတ်ပုံ – AA Info Desk

ရွှေဖီမြေ၊ ဩဂုတ် ၄ ရက်၊ သံတွဲ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ် ငပလီမြို့ ဂျီတ္တော ၉ ရပ်ကွက်ထဲ မနေ့ ဩဂုတ် ၃ ရက် မနက် ၁၀ နာရီခွဲကစပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ Y-12 ၁ စီး အသုံးပြုပြီး ဗုံးအလုံးရေ ၆၀ နီးပါး ဆက်တိုက် ကြဲချတိုက်ခိုက်သွားခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ အပြစ်မဲ့အရပ်သား နေထိုင်တဲ့နေရာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄၁ နှစ်အရွယ် ဦးကျော်သူနိုင်နဲ့ ၆၀ အရွယ် ဒေါ်မစန်းမြင့်တို့နှစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေသခံတွေ ကြိုတင်တိမ်းရှောင်ကြတာကြောင့် သေဆုံးမှု ထိခိုက်မှု နည်းပါးပေမဲ့ နေအိမ်၊ အဆောက်အဦး၊ ဘန်ဂလို ၂၀ ဝန်းကျင်နဲ့ လူအသုံးဆောင်ပစ္စည်း ပျက်စီးခဲ့ပြီး ကာလတန်ဖိုးငွေ ကျပ်သိန်း ၃ ထောင်ဝန်းကျင် ဆုံးရှုံးမှုရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

AA ဟာ ရခိုင်ပြည်နယ်ထဲက မြို့အားလုံးကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်ကို ထိုးစစ်ဆင်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ တန်ပြန်ထိုးစစ်ဆင်နေပြီး အရပ်သားအပါ် လေကြောင်း တိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လာနေပါတယ်။

AA က လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်ထဲက မြို့ ၁၄ မြို့နဲ့ ချင်းပြည်ထဲက ပလက်ဝမြို့တို့ကို ဆက်လက်ထိန်းချုပ်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖားကန့်မှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရ၊ ဖားကန့်တိုက်ပွဲအတွင်း အရပ်သားနေ့စဉ်လိုလို သေဆုံးနေ

စစ်ကောင်စီနဲ့ ကချင်တပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့အနီးမှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်လာပါတယ်။

မောက်မယ်မြို့နယ်က နာဟီးရွာထဲကို PNO အဖွဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။