ဓာတ်ပုံ- KNU, NUG

ရွှေဖီမြေ၊ မတ်လ ၁၁ ရက်၊ ညောင်လေးပင်

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီတပ် ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ လူထု ၃၀၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG ရဲ့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက မနေ့ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဓားစာခံဖြစ် ဖမ်းဆီးခံရသူ ၃၀၀ ကျော်ကို အထိအခိုက်မရှိဘဲ ကယ်ထုတ်နိုင်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က လွတ်မြောက်ရာနယ်မြေသို့ ပို့ဆောင်ထားတယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးအတွင်း ပဲခူးတိုင်းစစ်ဌာနမှ ရဲဘော် ၉ ဦး၊ KNLA တပ်ရင်း ၇ နဲ့ ၉ က ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၇ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့သလို စစ်တပ်ဘက်ကလည်း ၁၀ ဦးကျော် သေဆုံးပြီး ၂၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကို ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ ၃၇၀၂ တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ကွပ်ကဲမှုအောက်ရှိ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း၊ ၃၇၀၃ တပ်ရင်း၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့၊ KNLA တပ်ရင်း ၇၊ ၉ နဲ့ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကယ်ထုတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်

ပြီးခဲ့တဲ့ ‎မတ်လ ၅ ရက်မှာ စစ်တပ်က ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာခံ ၁၆၀ ဦးကို ဖမ်းဆီးသွားပြီးတော့ မတ်လ ၇ ရက်မှာ ၎င်းစစ်ကြောင်းနဲ့ ကရင်တပ်မတော်- KNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဗုံးကြဲလို့ ဖမ်းဆီးထားတဲ့ ဒေသခံ ၂၅ ဦး သေဆုံးခဲ့ပြီး ၅ ဦးကိုတော့ သတ်ဖြတ်ခဲ့တယ်လို့ KNU က မတ်လ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့အမျိုးသား ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးလို့ ၁ ဦးသေ တစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့နယ် အေးသာယာမြို့မှာ ကားအရောင်းအဝယ်လုပ်တဲ့ ညီအစ်ကို ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးသွားလို့ ညီလေးဖြစ်သူသေဆုံးပြီး အစ်ကိုဖြစ်သူက ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ကိုးကန့်တပ် ဖမ်းဆီးထားတဲ့ မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်လာပြီး ၅ဦး ကျန်ရှိနေ

ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လားရှိုးမြိနယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ၅ ဦးကိုတော့ ကိုးကန့်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မုံးကိုးမှာ TNLA ထံ တာဝန်ထမ်းဆော​င်သူတွေရဲ့ စာရင်းကို ကိုးကန့်တပ် တောင်းခံနေ၊ ဖမ်းဆီးခံထားရတဲ့ တပ်သားတွေလည်း ရှိနေ

ကိုးကန့်တပ် MNDAA က ၎င်းထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့က တအာင်းရွာတွေကို အစည်းအဝေးခေါ်ယူပြီး ရွာထဲက တအာင်းတပ် TNLA ထံ တာဝန်ထမ်းဆောင်တဲ့ သူတွေရဲ့ စာရင်းတွေ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။