ဓာတ်ပုံ- Local

မိုင်းရူပ၊ မတ်လ ၁၁ ရက်၊ မိုးမိတ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာလည်း စက်သုံးဆီ တစ်လီတာကို တစ်သောင်းခွဲအထိ ဈေးမြှင့်တက်လာတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပန့်ဆီဆိုင်တွေမှာ စက်သုံးဆီ တစ်လီတာကို တစ်သောင်းကျပ်အထိရှိပြီး စက်သုံးဆီရဖို့ မြို့ခံတွေ တန်းစီစောင့်ဆိုင်းနေရကာ အပြင်ဆိုင်တွေမှာတော့ ဆီတစ်လီတာကို တစ်သောင်းခွဲအထိ ပေးဝယ်နေရတယ်လို့ မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အပြင်မှာ တစ်လီတာကို တစ်သောင်းခွဲ ပေးဝယ်ရတယ်။ ပန့်ဆိုင်မှာက ဆိုင်ကယ်တစ်စီး တစ်သောင်းဖိုးဘဲ ထည့်ပေးတယ်။ တစ်သောင်းဖိုးက တစ်လီတာ နည်းနည်းဘဲ ကျော်တယ်”

မိုးမိတ်မြို့မှာ စစ်ကောင်စီဘက်က အုပ်ချုပ်ရေး မလည်ပတ်နိုင်သေးတာကြောင့် ကား၊ ဆိုင်ကယ် မောင်းနှင်ဖို့ ကားနံပါတ် စုံ မ ခွဲထားတာ မရှိဘူးလို့လည်း ၎င်းက ဆက်ပြောပါတယ်။

မိုးမိတ်မြို့အပြင် ရှမ်းမြောက်က မြို့နယ်တွေမှာ စက်သုံးဆီဈေး အဆမတန် မြှင့်တက်နေပြီး စက်သုံးဆီကို လိုသလောက် ဝယ်ယူလို့ မရတာတွေ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က ဆီပြတ်လပ်မှု မရှိအောင် ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပေမဲ့ မြေပြင်မှာတော့ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ဈေးအဆမတန် ကြီးမြှင့်မှုဒဏ်ကို ကြုံနေကြရပါတယ်။

အီရန်၊ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ စစ်ရေး တင်းမာမှုကြောင့် ကမ္ဘာ့စက်သုံးဆီ သယ်ယူပို့ဆောင်ရေး ကန့်သတ်ခံရပြီးနောက် မြန်မာအပါအဝင် နိုင်ငံအများစုမှာ စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချနေကြတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။