Browsing Category
လေကြောင်းတိုက်ခိုက်မှု
167 posts
လယ်မူလားမြို့နယ်မှာ စစ်ကောင်စီတပ် ဗုံး ထပ်ကြဲလို့ ကလေး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ် တကူရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
လယ်မူလားမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းနဲ့ တိုက်ခိုက်လို့ ကလေး ၃ ဦးအပါအဝင် ၆ ဦး သေဆုံး
ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ် တဖီလေးခိုကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၃ ဦးအပါအဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ သတ်ဖြတ်မှုကြောင့် ညောင်လေးပင်မြို့နယ်က အရပ်သား ၃၀ ဦး သေဆုံး
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စုထဲမှ အရပ်သား ၃၀ ဦးကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်တာနဲ့ သတ်ဖြတ်မှု လုပ်ဆောင်ခဲ့ကြောင်း ဒီနေ့ မတ်လ ၉ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး- KNU က ထုတ်ပြန်ပါတယ်။
ကနီမြို့နယ်ထဲက အလှူအိမ်နဲ့ ဘုန်းကြီးကျောင်းကို လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ရှင်လောင်း ၂ ဦးအပါအဝင် ၉ ဦး သေဆုံး
စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲ ရှင်ပြုပွဲ ပြုလုပ်နေတဲ့ အလှူအိမ်နဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရှင်လောင်း ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ပွဲ ပြင်းထန်နေတဲ့ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃ နှစ်အရွယ် သားဖြစ်သူ ဒဏ်ရာရ
တိုက်ပွဲ ဆက်လက် ပြင်းထန်နေတဲ့ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် မိခင်ဖြစ်သူ သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် သားက ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။