ဓာတ်ပုံ – မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

ရဲမာန်၊ ဧပြီ ၂၁ ရက်၊ မုံရွာ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သင်္ကြန်အတက်‌နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူ ၂၁ ဦးထိ ရှိလာပြီလို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့မှာ မြို့ရွာမြို့နယ် ထန်းဇလုပ်ကျေးရွာအနီးကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)တက် ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“သေဆုံးသူ ၂၁ ထိရှိလာပြီ။ အဲထဲမှာ ကလေး ၃ ဦးပါတယ်”လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ (သင်္က်ြန်အတက်နေ့) နေ့လည် ၂ နာရီခွဲက ဗုံးကြဲတိုက်ခိုက်မှုမှာ ပွဲချင်းပြီး ၃ ဦးသေဆုံးပြီး ဆိုင်ကယ် ဝပ်ရှော့အပါအဝင် နေအိမ် ၄ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက် မနကမ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က မုံရွာမြို့နယ် သက်ကယ်ကျင်းရွာက မီးဘေးစစ်ရှောင်ရှိရာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

‎ ~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ဖားကန့်မှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရ၊ ဖားကန့်တိုက်ပွဲအတွင်း အရပ်သားနေ့စဉ်လိုလို သေဆုံးနေ

စစ်ကောင်စီနဲ့ ကချင်တပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့အနီးမှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

မောက်မယ်မြို့နယ်က နာဟီးရွာထဲကို PNO အဖွဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ် ဖမ်းဆီးထားတဲ့ မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်လာပြီး ၅ဦး ကျန်ရှိနေ

ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လားရှိုးမြိနယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ၅ ဦးကိုတော့ ကိုးကန့်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။